သားမှတုတ်ဖြင့် ရိုက်သဖြင့် ဖခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံး

ရေး ၊ သြဂုတ် ၁၂

ရေးမြို့နယ်၊ ခေါဇာမြို့၊ ကော့လှိုင်ကျေးရွာအုပ်စု၊ တိုးတက်ရွာသစ်ကျေးရွာတွင် သြဂုတ်လ ၁၂ ရက်နေ့၊ မွန်းလွဲပိုင်းက သားအဖချင်းစကားများရာမှ သားဖြစ်သူက တုတ်ဖြင့်ရိုက်သဖြင့် ဖခင်ဖြစ်သူမှာ ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရသည်။

“ ကျွန်တော့်အပိုင်ကျေးရွာအုပ်စုမှာဖြစ်သွားတာပါ၊ သားဖြစ်သူက စိတ်သိပ်မမှန်ပါဘူး၊ အခု ရေးရဲစခန်းကို ပို့လိုက်ပါပြီ၊ အလောင်းကိုတော့ ရေးဆေးရုံမှာ ပို့ထားပါတယ် ” ဟု ခေါဇာမြို့၊ ကော့လှိုင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးမိုးက ပြောသည်။

ဓါတ်ပုံ - Mg Soemoe FB
ဖြစ်စဉ်မှာ တိုးတက်ရွာသစ်ကျေးရွာနေ ဦးစိန်အောင် အသက်(၆၅)နှစ်နှင့် သားဖြစ်သူ မောင်ဗလိုင်း (၂၂)နှစ်တို့ ယင်းနေ့ ညနေ (၂)နာရီကျော်ခန့်အချိန်တွင် စကားများကြရာမှ သားဖြစ်သူက တုတ်ဖြင့် တစ်ချက်ရိုက်ခဲ့ရာမှ ဖခင်ဖြစ်သူမှာ ပွဲချင်းပြီးသေဆုံးခဲ့မှုဖြစ်ပြီး ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအနေဖြင့် လိုအပ်သည့်စစ်ဆေးဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်းသိရှိရသည်။

သတင်း - ရဲနိုင်ဦး
Than Lwin Times
https://www.facebook.com/thanlwintimes9
သားမှတုတ်ဖြင့် ရိုက်သဖြင့် ဖခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံး  သားမှတုတ်ဖြင့် ရိုက်သဖြင့် ဖခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.