ထိုင်းနိုင်ငံ အခြေခံဥပဒေမူကြမ်း အတည်ပြု

ထိုင်း နိုင်ငံရေး မှာ စစ်တပ်ရဲ့ ဩဇာ လွှမ်းမိုးမှု ဆက်လက် ရှိနေမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူ တွေက သုံးသပ်
ထိုင်း နိုင်ငံ မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်း ကို အတည်ပြုဖို့ လူထု ဆန္ဒ ခံယူပွဲ ကို ဇူလိုင်လ ၇ ရက်နေ့က ကျင်းပ ခဲ့ရာမှာ နောက်ဆုံး မဲရလဒ်တွေ အရ အခြေခံ ဥပဒေ မူကြမ်း ကို အတည်ပြု နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခု အတည်ပြု လိုက်တဲ့ အခြေခံ ဥပဒေ မူကြမ်း က ထိုင်း နိုင်ငံရေး မှာ စစ်တပ်ရဲ့ ဩဇာ လွှမ်းမိုးမှု ဆက်လက် ရှိနေမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူ တွေက သုံးသပ် နေကြပါတယ်။

အခြေခံ ဥပဒေ မူကြမ်း ကို ပြင်ဆင် ပေးဖို့ တောင်းဆို ခဲ့ကြတဲ့ လှုပ်ရှားမှုတွေ ကို စစ် အစိုးရက တားမြစ် ပိတ်ပင် ခဲ့တဲ့ အတွက် ကန့်ကွက်မဲတွေ ရရှိမှု က အလွန် နည်းပါး ခဲ့တယ်လို့ ထိုင်း နိုင်ငံရေး လေ့လာသူတွေက ပြောကြားပါတယ်။

ထိုင်း နိုင်ငံ လွှတ်တော် ကိုယ်စားလှယ် တွေက တိုင်းပြည် ဝန်ကြီးချုပ် ရွေးချယ် ခန့်ထားရေး ဥပဒေ ကြမ်း ကိုလည်း ဆန္ဒမဲ ပေး ခဲ့ကြသူတွေက အတည်ပြု ထောက်ခံ ခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
ထိုင်းနိုင်ငံ အခြေခံဥပဒေမူကြမ်း အတည်ပြု  ထိုင်းနိုင်ငံ အခြေခံဥပဒေမူကြမ်း အတည်ပြု Reviewed by THITHTOOLWIN on 07:26 Rating: 5
Powered by Blogger.