စင်ကာပူ အသွားအပြန် ပြေးဆွဲသည့် ဘင်္ဂလားဒေ့ရှ် လေယာဉ် တာယာပေါက်ကွဲကာ မီးလောင်ကျွမ်းပြီးနောက် ခရီးသည်များ ပြောင်းရွှေ့ခဲ့ရ

လေယာဉ် ဘီးတာယာ ပေါက်ကွဲ မီးလောင်ကျွမ်းမှုကြောင့် ခရီးသည်များ ပြောင်းရွှေ့နေခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    ဒါကာ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

    သြဂုတ်လ ၂၄ ရက်က လေယာဉ် တစ်စင်းသည် မထွက်ခွာမီ မီးလောင်ကျွမ်းခဲ့သောကြောင့် ခရီးသည် ၂၀၀ ဦးခန့်နှင့် လေယာဉ် ဝန်ထမ်းများအား ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

စင်ကာပူနိုင်ငံသို့ အသွားအပြန် ပြေးဆွဲနေသည့် ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်းဖြစ်သော Regent Airways  လေယာဉ် တစ်စင်းသည် ဒါကာမြို့ ဟက်ဇ်ရတ် ရှာ ဂျလယ် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေယာဉ် ဘီးတာယာ ပေါက်ကွဲရာမှ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

ထို မတော်တဆမှု ဖြစ်ခဲ့သောကြောင့် လေယာဉ် ခရီးစဉ် ဖျက်သိမ်းခဲ့ရကြောင်း၊ ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း လေဆိပ် အဆင့်မြင့် အရာရှိ အဗ္ဗဒူလ် လာတိဖ်က ပြောသည်။

အဆိုပါ မတော်တဆမှုသည် ဒေသစံတော်ချိန် နံနက် ၁၁း၀၀ နာရီ၌ ဖြစ်ပွားခဲ့ပြီးနောက် မကြာမီ ယင်း ဖြစ်ရပ်အား ခရီးသည်များက လူမှု မီဒီယာပေါ်၌ တင်ခဲ့ကြသည်။

 (Xinhua)
http://www.xinhuamyanmar.com
စင်ကာပူ အသွားအပြန် ပြေးဆွဲသည့် ဘင်္ဂလားဒေ့ရှ် လေယာဉ် တာယာပေါက်ကွဲကာ မီးလောင်ကျွမ်းပြီးနောက် ခရီးသည်များ ပြောင်းရွှေ့ခဲ့ရ စင်ကာပူ အသွားအပြန် ပြေးဆွဲသည့် ဘင်္ဂလားဒေ့ရှ် လေယာဉ် တာယာပေါက်ကွဲကာ မီးလောင်ကျွမ်းပြီးနောက် ခရီးသည်များ ပြောင်းရွှေ့ခဲ့ရ Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.