ခိုးယူလာတဲ့ မိန်းကလေး အကြမ်းဖက်လုယူခံရတဲ့ နောက်ဆက်တွဲ သတင်းအပြည့်အစုံ

 မောင်အာကာ(ယောင်္ကျားရှာ)နှင့်မောင်မျိုးမင်းထွေး
ရွှေဘိုမြို့နယ်တွင် လူရမ်းကား(၅)ဦးမှ လူငယ်(၂)ဦးကို လက်ထိပ်ခတ်ပြီး မိန်းကလေး(၁)ဦးကို အကြမ်းဖက်ခေါ်ဆောင်သွားခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်(G.T.C)နည်းပညာကောလိပ်ကျောင်းလမ်းထိပ် ရွှေဘို+မြစ်ကြီးနား(ပြည်ထောင်စု)လမ်းမကြီးပေါ်ရှိ ခရီးသွားပြည်သူများနားနေဆောင်၌ သြဂုတ်(၁၂)ရက်နေ့ ည(၁၁)နာရီခန့်က လူရမ်းကား(၅)ဦးမှ လူငယ်(၂)ဦးကိုလက်ထိပ်ခတ်ပြီး မိန်းကလေး(၁)ဦးကို အကြမ်းဖက်လုယူခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ(၁၁.၈.၁၆)ရက်နေ့က မန္တလေးမြို့ (၆၂)လမ်းထိပ် ရွာသစ်တိုးချဲ့ရပ်ကွက်မှ မနွယ်နီအောင်(၂၁)နှင့်ရွှေဘိုမြို့နယ် မြင်းခြင်းကျေးရွာနေ(ဘ)ဦးသောင်းကျော်၏သ္မီး(ယောင်္ကျားရှာ)မောင်အာကာ(၁၇)နှစ်နှင့်လူငယ်ချင်းချစ်ကြိုက်နေကြသဖြင့်တစ်ရွာတည်နေ မောင်မျိုးမင်းထွေး(၁၇)နှစ်(ဘ)ဦးထွန်းမင်း တို့(၃)ဦး ဆိုင်ကယ်ဖြင့် မန္တလေးမှရွှေဘိုသို့ထွက်ပြေးခဲ့ကြသည်။

 မောင်အာကာ(ယောင်္ကျားရှာ)နှင့်မောင်မျိုးမင်းထွေး
ထိုသို့ ခိုးယူထွက်ပြေးလာစဉ်(၁၂.၈.၁၆)ရက်နေ့ ည(၁၁)နာရီခန့်က ရွှေဘို(G.T.C)နည်းပညာကော်လိပ်ကျောင်းလမ်းထိပ် ရွှေဘို+မြစ်ကြီးနား(ပြည်ထောင်စု)လမ်းမကြီးပေါ်ရှိ ခရီးသွားပြည်သူများနားနေဆောင်တွင် မောင်အာကာ(ယောင်္ကျားရှာ)နှင့်မနွယ်နီအောင် မောင်မျိုးမင်းထွေးတို့သည် ခေတ္တရပ်နားနေစဉ် ဆိုင်ကယ်(၂)စီးဖြင့်ရောက်ရှိလာသော အမည်မသိလူ(၅)ဦးမှဝိုင်းဝန်ထိုးကြိတ်ရိုက်နှက်ပြီး မောင်အာကာ(ယောင်္ကျားရှာ)နှင့်မောင်မျိုးမင်းထွေးတို့ကို လက်ထိပ်ခတ်၍ မနွယ်နီအောင်နှင့်အတူ ဆိုင်ကယ်ပေါ်တင်ဆောင်ပြီး ရွှေဘို+မြစ်ကြီးနား(ပြည်ထောင်စု)လမ်းမကြီးအတိုင်း ခင်ဦးမြို့နယ်ဘက်သို့ခေါ်ဆောင်ခဲ့ကြသည်။

ခင်ဦးမြို့နယ် မြေနီရှိုလမ်းဆုံအနီးရှိ ကျွန်းပင်ခြံအရောက်တွင် ဆိုင်ကယ်များရပ်တန့်၍ မောင်အာကာ(ယောင်္ကျားရှာ)နှင့်မောင်မျိုးမင်းထွေးတို့၏အဝတ်စားများကိုချွတ်ယူ၍ ၎င်းတို့(၂)ဦးအားခတ်ထားသော လက်ထိပ်ကိုဖြုတ်ပေးပြီး မနွယ်နီအောင်နှင့်ဆိုင်ကယ်ကိုလုယူခေါ်ဆောင်သွားကြောင်း မောင်အာကာ(ယောင်္ကျားရှာ)နှင့်မောင်မျိုးမင်းထွေးတို့၏ပြောပြချက်အရ သိရှိရသည်။

Chit San

ခိုးယူလာတဲ့ မိန်းကလေး အကြမ်းဖက်လုယူခံရတဲ့ နောက်ဆက်တွဲ သတင်းအပြည့်အစုံ  ခိုးယူလာတဲ့ မိန်းကလေး အကြမ်းဖက်လုယူခံရတဲ့ နောက်ဆက်တွဲ သတင်းအပြည့်အစုံ Reviewed by THITHTOOLWIN on 01:35 Rating: 5
Powered by Blogger.