ထိုင်းကမ်းခြေမှာ ဗုံးကွဲ

နိုင်ငံရေး မငြိမ်သက်တဲ့ စစ်အုပ်ချုပ်မှုအောက်က ထိုင်းနိုင်ငံ
ထိုင်းဘုရင် ဘူမိဘော စံမြန်းတဲ့ ဟွာဟင်း ကမ်းခြေမြို့မှာ ဗုံး ၂ လုံးကွဲလို့ အမျိုးသမီး တယောက် သေဆုံးပြီး လူဆယ်ယောက် ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးတဲ့ အမျိုးသမီးက ထိုင်းလူမျိုး ဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါပါတယ်။

ဒီလူတွေကို ဆေးရုံမှာ ကုသပေးနေတယ်လို့ ဒေသဆိုင်ရာ ဒုတိယရဲမင်းကြီး Samer Yousamran က ဆိုပါတယ်။

ဗုံးတွေကို ပန်းအိုးထဲ မြှုပ်ပြီး မိုဘိုင်းဖုန်းနဲ့ ဖောက်ခွဲတာလို့လည်း ရဲက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
ထိုင်းကမ်းခြေမှာ ဗုံးကွဲ ထိုင်းကမ်းခြေမှာ ဗုံးကွဲ Reviewed by THITHTOOLWIN on 03:31 Rating: 5
Powered by Blogger.