![]() |
အင်ဒို ရဲက စုံစမ်း စစ်ဆေးမှု ပြုနေပြီ |
အခု တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပြီလို့ ရဲက ပြောပြီး ကနဉီး စစ်ဆေးတွေ့ရှိချက် အရ ဘုန်းတော်ကြီး အဲလ်ဘတ်ထ် ကို သတ်ဖို့ တစုံတယောက်က ကြိုးစားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံ အနောက်ပိုင်း မေဒန် အရပ်က ဆုတောင်းပွဲ အတွင်း ဘုန်းတော်ကြီး တရားဟောနေချိန်မှာ အသေခံ ဗုံးသမားရဲ့ ကျောပိုးအိတ်ထဲမှာ ပါတဲ့ ဖောက်ခွဲရေး ပစ္စည်းက ပေါက်ကွဲမသွားခဲ့ပါဘူး ။
သူက ပုဆိန်နဲ့ ဘုန်းကြီးကို တိုက်ခိုက်ခဲ့ပြီး သူ့ကို ဘုရားကျောင်းထဲက လူတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ခရစ်ယာန် ဘုရားကျောင်းအတွင်း တိုက်ခိုက်ခံရ
Reviewed by THITHTOOLWIN
on
06:02
Rating:
