တန်ပိုယာဉ်ဖြတ်သန်းသဖြင့် နမ့်လီတံတားကျိုးကျမှု ဖြစ်ပွား


ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်း - မက်မန်းလမ်း မိုင်တိုင်(၁၁/၁ နှင့် ၁၁/၂)ကြား တံတားအမှတ်(၁/၁၂)၊ အရှည်(၆၀)ပေ နမ့်လီတံတား (DS ဘေလီတံတား) ပေါ်တွင် (၁၇-၈-၂၀၁၆)ရက်နေ့ (၁၁း၃၀)အချိန် ယာဉ်မောင်း ဦးဝင်းနိုင် မောင်းနှင်သည့် ယာဉ်အမှတ် ၉ခ/×××× မော်တော်ယာဉ်သည် ဘိလပ်မြေ (၁၇)တန်+ ယာဉ်အလေးချိန် (၁၀)တန်၊ စုစုပေါင်း(၂၇)တန်ဖြင့် ဖြတ်သန်းမောင်းနှင်စဉ် တံတားကျိုးကျ ပျက်စီးသွားပါသည်။ တံတားခံနိုင်ဝန်မှာ (၁၃)တန်ဖြစ်ပါသည်။


 နမ့်လီတံတား၏ ရေစုန်ဘက်ခြမ်းတွင် လမ်းလွှဲရှိသော်လည်း ယာဉ်မောင်းဖြစ်သူမှ မဆင်မခြင် တံတားပေါ်မှ ဖြတ်သန်းမောင်းနှင်သဖြင့် တံတားကျိုးကျ ပျက်စီးရခြင်း ဖြစ်ပါသည်။


လမ်းလွှဲရှိသဖြင့် ယာဉ်သွားလာမှု ပြတ်တောက်ခြင်း မရှိပါ။ ပျက်စီးသွားသော ဘေလီတံတားအား ဖြုတ်သိမ်းပြီး ကျိုင်းတုံ - မိုင်းခတ်လမ်းရှိ ဘေလီပစ္စည်းများအား သယ်ယူကာ အမြန်ဆုံးပြန်လည် ပြင်ဆင်ပြီးစီးနိုင်ရေးအတွက် တံတားအထူးအဖွဲ့(၁၂)က တာဝန်ယူဆောင်ရွက်မည် ဖြစ်ပါသည်။

အဆိုပါ တန်ပိုယာဉ်အား မောင်းနှင်သူ ယာဉ်မောင်းအား တရားစွဲဆိုခြင်းနှင့် တံတားပျက်စီးမှု တန်ဘိုး ပေးလျော်စေခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Ministry of Construction
https://www.facebook.com/MinistryofConstruction/
တန်ပိုယာဉ်ဖြတ်သန်းသဖြင့် နမ့်လီတံတားကျိုးကျမှု ဖြစ်ပွား  တန်ပိုယာဉ်ဖြတ်သန်းသဖြင့် နမ့်လီတံတားကျိုးကျမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.