ဟင်္သာတရေကာတ ဖျက်ဆီးဖို့ ကြိုးစားတဲ့ လက္ခဏာတွေ့ရှိရဟုဆို


ဧရာဝတီတိုင်းဒေသကြီးထဲက ဟင်္သာတရေကာတာကို ဖျက်စီးဖို့ကြိုးစားခဲ့တဲ့လက္ခဏာတွေကို ဇလွန်မြို့နယ် က ရေကင်းစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ အဖွဲ့တွေက သြဂုတ်လ (၉)ရက် မနက် (၁)နာရီဝန်းကျင်မှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

 ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်ပိုင် ဟင်္သတာရေကာတာ အရှေ့ဘက်ကမ်း ရေကာတာမိုင်တိုင် (၄၂ မိုင် ၇ဖာလုံ)နေရာမှာ တာစောင်းကို ပေါက်တူးနဲ့ အလျား(၂)ပေခွဲလောက်ထိုးဆွထားတာ ကို တွေ့ရတယ်လို့ ဇလွန်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဝင်းက 5 Plus ကိုပြောပါတယ်။

 ဒါကြောင့် ထိုးဆွထားတဲ့နေရာ ကို ပြန်ဖို့ပြီး ဖြစ်စဉ်ကိုလည်း မြို့နယ်ရဲတပ်ဖွဲနဲ့ ခရိုင်ဆည်မြောင်း ဦးစီးဌာနကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ရပ်ရွာရေကင်းတွေကို အချိန်ပြည့်ချထားသလို တာပေါ်မှာလည်း ဒေသခံတွေနဲ့ ပူးပေါင်းရေကင်း ချထားတယ်လို့ ဆိုပါတယ်။

 ဟင်္သာတအရှေ့ဘက်ကမ်း ရေကာတာ ကျိုးပေါက်သွားမယ်ဆိုရင် လယ်ဧက (၃)သောင်း (၄)ထောင်ကျော်လောက်နဲ့ ရွာအချို့နစ်မြုပ်ပြီး ရန်ကုန်တိုင်းဒေသကြီးနယ်စပ်အထိ ရောက်ရှိနိုင်တယ်လို့ ဦးသက်ဝင်းက ပြောပါတယ်။

 ဒါပေမယ့် လက်ရှိမှာတော့ ဇလွန်မြို့နယ် ရဲ့ မြစ်ရေဟာ အမြင့်ဆုံးရောက်ရှိခဲ့တဲ့ အမှတ်ထက် (၁)ပေကျော် ကျဆင်းသွားပေမယ့် စိုးရိမ်စရာတော့ မရှိဘူးလို့ သိရပါတယ်။

ဓာတ်ပုံ - irrigation office , Hintada
5 Plus News
https://www.facebook.com/5plusnews
ဟင်္သာတရေကာတ ဖျက်ဆီးဖို့ ကြိုးစားတဲ့ လက္ခဏာတွေ့ရှိရဟုဆို ဟင်္သာတရေကာတ ဖျက်ဆီးဖို့ ကြိုးစားတဲ့ လက္ခဏာတွေ့ရှိရဟုဆို Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.