ဂျပန်ကာကွယ်ရေး ၀န်ကြီး ဖြစ်လာတဲ့ အမျိုးသမီးရှေ့ နေ


5August 2016

ဂျပန်နိုင်ငံရဲ့ ရှေ့ နေ အမျိုးသမီး ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်တဲ့ တိုမိုမိ အီနာဒါ ဟာ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး ရဲ့ လူယုံတစ်ဦးပါ။ သူမ စတင်တာဝန်ထမ်း ဆောင်တဲ့ ပထမဆုံးနေ့မှာပဲ စစ်တပ်ကိုလှည့် လည်ကြည့် ရှုခဲ့ပြီး တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေ ရဲ့ ရန်လိုတဲ့ အပြုအမူတွေကို သတိပေးပြောကြားခဲ့ပါတယ်။


မြောက်ကိုရီးယားနိုင်ငံက ဂျပန်ရေပိုင်နက်ထဲကို ပထမဆုံးအကြိမ်အဖြစ် ဒုံးကျည်စမ်းသပ် ပစ်လွှတ်ခဲ့ပြီး နာရီအနည်းငယ်အကြာမှာပဲ ဂျပန်အစိုးရက သဘောထားတင်းမာတဲ့ ဥပဒေပြုအမတ် အီနာဒါ ကို ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့တာ ကို အရေးကြီးတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို တိုမိုမိ က ဦးဆောင် ဆုံးဖြတ်တော့မှာပါ။


အသက် ၄၇ နှစ်သာရှိသေးတဲ့ တိုမိုမိဟာ အရပ်ပုပု ပိန်ပိန်ပါးပါး နဲ့  မျက်မှန်တတ်ထားပြီး နိုင်ငံတကာ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းထောက်ထောက်တွေကို ဂျပန်ဘာသာနဲ့ ပဲ ပြောကြားခဲ့ပါတယ် ။ သူမအနေနဲ့  ဂျပန်တွေ စစ်ပွဲရူံးနိမ့်ခဲ့ ရတဲ့ သမိုင်းကို ထားခဲ့ပြီး ဖွဲ့ စည်းပုံကို ပြင်ဆင်ပြီး ဂျပန်တွင် စစ်တိုက်ရမယ့် ဥပဒေကို အတည်ပြုဖို့  အဆိုတင်မယ် လို့  ပြောကြားသွားခဲ့ပါတယ်။

Social Action for Women - SAW
ဂျပန်ကာကွယ်ရေး ၀န်ကြီး ဖြစ်လာတဲ့ အမျိုးသမီးရှေ့ နေ  ဂျပန်ကာကွယ်ရေး ၀န်ကြီး ဖြစ်လာတဲ့ အမျိုးသမီးရှေ့ နေ Reviewed by THITHTOOLWIN on 04:13 Rating: 5
Powered by Blogger.