ဘားအံစက်မှုဇုန်၌ လက်လုပ်ချိန်ကိုက်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွား


ဘားအံ သြဂုတ် ၂၄

ကရင်ပြည်နယ်၊ ဘားအံမြို့ စက်မှုဇုန်(၂)၊ ဘားအံ-ထီးဖိုးကလုံးကျေးရွာသွားကားလမ်း၊ မဟာအထည်ချုပ်စက်ရုံ ရှေ့၊ ခန့်မှန်းမြေပုံညွှန်း(MU-619732) ၌ သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်က လမ်းဘေးရှိ လုံးပတ် ၅ ပေခန့်ရှိ ညောင်ပင်ခြေရင်းတွင် ကားလမ်းမဘက်ခြမ်းသို့ မျက်နာမှု၍ လက်လုပ်ချိန်ကိုက်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ချိန်ကိုက်မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ဘားအံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဇော်ခိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြာညိုနှင့် တပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှု့ စစ်ဆေးရာ ဖြစ်စဉ်နေရာနှင့် ကိုက် ၅၀ ခန့်အကွာတွင် မိုင်းအပိုင်းအစ ၁၃ ခု၊ အနီရောင်ဝါယာယမ်းကြိုးစ ၁ ချောင်း တို့အား တွေ့ရှိခဲ့သဖြင့် ပေါက်ကွဲမိုင်းမှာ ၂ လက်မပတ်လည် အရှည် ၆ လက်မခန့်ရှိ သံပိုက်လုံးအတွင်း၌ TNT ယမ်း၊ ပန်တိုပလပ်ယမ်းများ ထည့်ထားသည့်အပြင် ကော့တက်စ်အားမြင့်ယမ်းကြိုး ၁ချောင်းအား ထပ်မံဖြည့်သွင်း၍ ဓါတ်ခဲ ၂ လုံးဖြင့် ချိန်ကိုက်ဖောက်ခွဲခြင်းဖြစ်နိုင်ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားစဉ် ကားလမ်းမပေါ်၌ လူနှင့်ယာဉ်များဖြတ်သန်းသွားလာခြင်းမရှိသဖြင့် ထိခိုက်သေဆုံးမှု မရှိဘဲ ညောင်ပင်မှာကားလမ်းပေါ်သို့ လဲကျသွားခဲ့ကြောင်း၊ အဆိုပါညောင်ပင်အား အနီးပတ်ဝန်းကျင်ရှိ စက်ရုံမှ အလုပ် သမားများနှင့် ရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းရှင်းလင်းခဲ့ပြီး မည်သူမည်ဝါ မည်သည့်
အဖွဲ့အစည်းမှ ဖေါက်ခွဲသည်ကို မသိရှိသေးကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဘားအံစက်မှုဇုန်၌ လက်လုပ်ချိန်ကိုက်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွား ဘားအံစက်မှုဇုန်၌ လက်လုပ်ချိန်ကိုက်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.