သြဂုတ် ၂၀ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်မှ စတင်၍ မိုးမိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နံနက် ၅ နာရီ ခန့်တွင် နမ့်မိတ်ချောင်း နှင့်နမ့်မောင်းချောင်း ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့ရာ မြောက်ပိုင်း ရပ်ကွက်၏ မြောက်ဖက်ခြမ်းနှင့် တောင်ပိုင်း ရပ်ကွက်၏ အနောက်ဖက်ခြမ်းရှိ လူနေအိမ်များ အတွင်း ရေဝင်ရောက်မှုကြောင့် ရေလွတ်ရာ ရွှေတောင်ဦး ဓမ္မာရုံပေါ်၌ ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်၍ ရေဘေးသင့် ပြည်သူ များ နေထိုင်ရန်စားသောက်ရန် စီစဉ် ဆောင်ရွက် ပေးထားပြီး ကျန်းမာရေး အတွက် ဆေးကုသမှုများလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ နေ့လည်ပိုင်းတွင် ရေများ ပြန်လည် ကျဆင်းသွားပြီ ဖြစ်ကြောင်း လူအသေ အပျောက် မရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီ စောင့်ရှောက်မှုများကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
မိုးမိတ် ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မိုးမိတ်မြို့ တွင်း ရေကြီး ရေလျှံလျှက်ရှိ
Reviewed by THITHTOOLWIN
on
18:16
Rating:
