ပါကစ္စတန် မင်္ဂလာဆောင်ဘတ်စ်ကား ချောက်ထဲပြုတ်ကျ၍ ၂၂ဦးသေဆုံး

မင်္ဂလာဆောင်လာစဉ်ချောက်ထဲပြုတ်ကျခဲ့သည့် ဘတ်စ်ကားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    အစ္စလာမ်မာဘတ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

    ပါကစ္စတန်နိုင်ငံမှ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား ဒေသတွင် သြဂုတ် ၁၄ ရက် ညပိုင်း က မင်္ဂလာဆောင်ပွဲ တစ်ခုသို့လာရောက်သည့် ဧည့်သည်များ လိုက်ပါလာသော ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျခဲ့၍ လူ၂၂ဦးထက်မနည်းသေဆုံးကာ အခြား လူအယောက် ၅၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများ က ဖော်ပြခဲ့သည်။

Urdu TV Channel 92 သတင်းဋ္ဌာန က ယင်းဘတ်စ်ကားပေါ်၌ မင်္ဂလာဆောင်ပွဲ သို့လာသည့် ဧည့်သည် အယောက် ၇၀ကျော် လိုက်ပါလာပြီး Palandri ဒေသမှ Hajiraဒေသသို့သွားရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသ၏ လက်ထောက်ကော်မရှင်နာ က ဘတ်စ်ကားမောင်းသူသည် ခရီးသည်ဦးရေ အဆမတန်   တင်ဆောင်လာပြီး တောင်ထူထပ်သည့် Palandri ဒေသအား ဖြတ်ကျော်စဉ် အရှိန်မထိန်းနိုင်ဖြစ်ကာ ချောက်ထဲပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Palandri ဒေသ သည် ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ် ၏ အရှေ့ဘက် ၁၀၇ကီလိုမီတာ အကွာတွင် တည်ရှိကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် ချောက်အတွင်း ကျန်ရှိနေနိုင်သော ဒဏ်ရာရရှိသူ ခရီးသည်များ နှင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ကြိုးစား ရှာဖွေနေသော်လည်း ညမှောင်လာသည်နှင့် အမျှ လုပ်ငန်းများ ဆောင်ရွက်ရန် ပိုမိုခက်ခဲလာကြောင်း ၄င်းက ပြောကြားခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများစွာ မှာ စိုးရိမ်ဖွယ် အခြေအနေတွင်ရှိနေသောကြောင့် သေဆုံးသူ ဦးရေ တိုးတက်လာဖွယ်ရှိကြောင်း ဆေးရုံ၏ သတင်းအရင်းအမြစ် တစ်ခု မှ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ပါကစ္စတန် မင်္ဂလာဆောင်ဘတ်စ်ကား ချောက်ထဲပြုတ်ကျ၍ ၂၂ဦးသေဆုံး  ပါကစ္စတန် မင်္ဂလာဆောင်ဘတ်စ်ကား ချောက်ထဲပြုတ်ကျ၍ ၂၂ဦးသေဆုံး Reviewed by THITHTOOLWIN on 16:19 Rating: 5
Powered by Blogger.