ထိုင်းနိုင်ငံ တောင်ပိုင်း တရားရုံးအတွင်းမှာ ပစ်ခတ်မှု ဖြစ်ပွား


4 August 2016

ဒီကနေ့  နေ့ လည် ၁၁နာရီ မှာ ထိုင်းနိုင်ငံတောင်ပိုင်း နကော်စီဌာမရ ပြည်နယ် ထွန်းစုန် မြို့ နယ် တရားရုံး အတွင်းကို ၀င်လာတဲ့ သေနတ်သမားတစ်ဦးက ထိုင်းလူမျိုး နိုင်စာထစ် (၂၄)နှစ် ဆိုသူကို သွေးအေးအေးနဲ့  ပစ်သတ်ပြီး ထွတ်သွားခဲ့တဲ့ မှုခင်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။


မြို့ နယ်တရားရုံးမှာ လာရောက်နေတဲ့ သူတွေ များနေတဲ့ အချိန်မှာ သနတ် သမား ၀င်ရောက်လာပြီး "နိုင်စာထစ်" ကို ၉မမ သေနတ်နဲ့ အကြိမ်ကြိမ်ပစ် ခတ်ခဲ့ တာကြောင့် ရုံးတွင်းမှာရှိနေသူ ၀န်ထမ်းနဲ့  ပြည်သူတွေ ထွက်ပြေးခဲ့ကြ ပါတယ်။

သေနတ်သမားက နောက်ပိုင်းမှာ မြို့ နယ်ရဲ့ စခန်း တစ်ခုကို သွားရောက် အဖမ်းခံခဲ့ကြောင်း သိရပါတယ်။

သေနတ်သမားတရားခံဟာရဲအရာရှိတဦးဖြစ်ပါတယ်၊သေနတ်ဒဏ်ရာနဲ့  သေဆုံးသွားသူ"နိုင်စာထစ်"က မိန်းမနဲ့ ခလေးရှိနေရက်နဲ့ သမီးဖြစ်သူကို လိမ်ညာပေါင်းသင်းနေတာဖြစ်တယ်။


နောက်ပိုင်းမိသားစုအိမ်ထောင်ရေး ပြသနာကြီးမားလာခဲ့တဲ့နောက်မှာ "စာထစ်" နဲ့ အတူ ဆိုင်ကယ်စီးရင်း ဆိုင်ကယ်မှောက်ပြီး သမီးဖြစ် သူ သေဆုံး သွား ခဲ့ရတာဟာ သွေးရိုးသားရိုး မဟုတ်ဘဲ "စာထစ်"ကသူ့ သမီးကိုသတ်ခဲ့တာ လို့ ရဲအရာရှိက ယုံကြည်နေ ခဲ့တာပါ။

ဒီနေ့ မှာ သမီးဖြစ်သူသေဆုံးရမှုနဲ့ ပါတ်သက်ပြီး လူသေမှုနဲ့  သက်သေလာ ထွက်ဆိုရမှာမို့  တရားရုံးကို "စာထစ် "လာရောက်နေစဉ်မှာ ဖခင်ရဲအရာရှိ ဟာ ဒေါသစိတ်မထိမ်းနိုင်ဖြစ်ပြီး လူသတ်မှုဖြစ်ပွားခဲ့ရ တာဖြစ်ပါတယ်။

(SAW)
Khaosod
Social Action for Women - SAW
ထိုင်းနိုင်ငံ တောင်ပိုင်း တရားရုံးအတွင်းမှာ ပစ်ခတ်မှု ဖြစ်ပွား  ထိုင်းနိုင်ငံ တောင်ပိုင်း တရားရုံးအတွင်းမှာ ပစ်ခတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 16:28 Rating: 5
Powered by Blogger.