ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင်း မင်းလှခံတပ်ကြီး၏ အောက်ခံမြေသားများလှိုက်စားလာ

မင်းလှခံတပ်အားတွေ့ရစဉ် (ဓာတ်ပုံ -- အင်တာနက်)
    ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

    မကွေးတိုင်း ဒေသကြီး ၊ အထက်မင်းလှမြို့ ဧရာဝတီမြစ်ကမ်း နဖူးပေါ်၌ တည်ရှိသည့် မင်းလှခံတပ်သည် နှစ်စဉ် ရေတိုက်စား မှုကြောင့် လွန်ခဲ့သည့် နှစ် ၇၀ ကျော်ခန့်က ခံတပ်ကြီး ၏ ရှေ့ပိုင်း အစိတ်အပိုင်းများ အချို့ ပြိုကျပျက်စီးခဲ့ ရပြီး ယခုနှစ်တွင် ရေကြီးရေလျှံပြီး ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ခံတပ်ကြီး၏ အောက်ခံမြေသား များအတွင်းသို့ လှိုက်စားလာ သဖြင့် သဲအိတ်များ ချကာ ကာကွယ်ထား ရကြောင်း သိရသည်။

နှစ်ပေါင်း ၇၀ ကျော်က ရေတိုက်စားပြီး ခံတပ်ကြီး၏ ရှေ့ပိုင်းတစ်ခု ပြိုကျသွား ခဲ့ကြောင်း၊သမိုင်းဝင် ခံတပ်ကြီး ရေရှည် တည်တံ့ဖို့ သမိုင်း အမွေအနှစ် ထိန်းသိမ်းဖို့ လိုအပ်လာပြီဖြစ်ကြောင်း သိရသည်။

 မင်းလှခံတပ်ကြီး အား  ခရစ်နှစ် ၁၈၆၀-၁၈၆၁ ခုနှစ်တွင် မင်းတုန်းမင်း ၏ ညီတော် ကနောင်မင်းသားကြီး ကြီးကြပ် ကွပ်ကဲမှုဖြင့် တည်ဆောက်ခဲ့ပြီး ပြင်သစ်နှင့် အီတာလျံလူမျိုး အင်ဂျင်နီယာ ကိုမိုတိုပယ်ရီ နှင့် မိုလီနာရီ တို့၏ အကူအညီဖြင့် မြန်မာလူငယ် အင်ဂျင်နီယာ များက ပူးပေါင်း တည်ဆောက် ခဲ့ကြောင်း သမိုင်းအထောက်အထားများတွင် ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင်း မင်းလှခံတပ်ကြီး၏ အောက်ခံမြေသားများလှိုက်စားလာ  ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင်း မင်းလှခံတပ်ကြီး၏ အောက်ခံမြေသားများလှိုက်စားလာ Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.