ဘောလုံးပွဲ အချင်းများရာမှ ခိုက်ရန်ဖြစ်ပွား


ပခုက္ကူ သြဂုတ် ၁၉

ပခုက္ကူမြို့နယ်၊ ကွန်းရွာ အုပ်စု၊ ရွှေတန့်တစ် ကျေးရွာနှင့် ဆင်မင်းကျေးရွာ တို့သည် သြဂုတ် ၁၈ ရက် ည ၇ နာရီ အချိန်ခန့်က ဘောလုံးပွဲ အချင်းများရာမှ တဆင့် အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။


ဖြစ်စဉ်မှာ ကွန်းရွာအုပ်စု၊ ကွန်းရွာကျေးရွာ ပေါ်တော်မူမြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းချပွဲတွင် ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကွန်းရွာ အသင်း(ပြည်ထဲရေး အသင်း အမည်သုံး- ထွေအုပ် ၊မြေစာရင်း ဌာနဝန်ထမ်း အချို့နှင့် ချောက်ကန်ရွာ လူငယ်များ ပါဝင်) နှင့် ဆင်မင်းရွာ အသင်းတို့ ယှဉ်ပြိုင် ရာ ဂိုးမရှိသရေကျ သဖြင့် ပယ်နတီ ကန်ရန် နှစ်သင်းနားနေချိန် တွင်ရွှေတန့်တစ်ကျေး ရွာ ဘက် မှ ဘောလုံးပွဲကြည့်ပရိသတ် ၁၀၀ ဦးခန့်ထဲမှ ခဲလုံးတစ် လုံးဘောလုံးပွဲ ကွင်းထဲသို့ ပစ်သည့်ကိစ္စနှင့် ပတ်သက်၍ အပြန် အလှန် စကားများကြသည်။

 ဆင်မင်း ကျေးရွာ ဘက်လူ အုပ်စုအတွင်း မှ လောက်လေးနှင့် ထုသဖြင့် ရွှေတန့်တစ်ကျေးရွာနေ မောင်ရဲမင်းသန့် ၂၉နှစ်(ဘ) ဦးသန်းကြိုင် တွင် ယာမျက်လုံးခဲမှန် ဒဏ်ရာ (အတွင်းလူနာ၊ပြင်းထန် ဒဏ်ရာ၊ စိုးရိမ်ရ) ရရှိခဲ့ပြီး ဆင်မင်းကျေးရွာ မြောက်ဘက် ပတ်လမ်း မှ ရွှေတန့်တစ်ကျေး ရွာသို့ပြန်စဉ် ဆင်မင်းရွာသူ/သားများမှ သစ်ပုံများကြား က လောက်လေးနှင့် ထပ်မံ ပစ်သဖြင့်ရွှေတန့် တစ် ကျေးရွာသူ/သားများမှ မကျေနပ်ဖြစ်ပြီး လူစုကာ လူဦးရေ (၂၀၀) ခန့်မှ တုတ်များ/ခဲ ကိုင်ဆောင်ကာ ဆင်မင်းကျေးရွာ အတွင်းဝင် ရောက် ၍ ဝင်လမ်းနှင့်နီးစပ်ရာအိမ်များ အတွင်း ဝင်ရောက် ရိုက်နှိက် ဖျက်စီးခဲ့ သဖြင့်ဆင်မင်းရွာမှ လူများတိမ်းရှောင် ထွက် ပြေးခဲ့ပြီး အိမ်များမှ ပစ္စည်းများ ပျက်စီး ဆုံးရှုံးမှုများမှာ ဆိုင်ကယ်(၁၄)စီး တီဗွီ(၄)လုံး ပလပ်စတစ် ထိုင်ခုံ(၁၁)လုံးပလပ် စတစ်စားပွဲ(၂)လုံး၊ သစ်သားစားပွဲ (၁)လုံး၊ မှန်ဘီရို(၁၅) လုံး၊ ရေခဲသေတ္တာ(၂)လုံး စက်ဘီး(၁)စီး၊ ထမင်းပေါင်း အိုးနှင့် လျှပ်စစ်မီတာ (၃)လုံး၊ကွမ်းယာ ဆိုင်များ၊ နေအိမ်ဝန်း ထရံခြံစည်းရိုး၊ အုတ်ရေကန်၊ သွပ်မိုးနှင့် ထရံများ ပျက်စီးခဲ့ကြောင်းသိရှိရသည်။


အခင်းဖြစ်နေရာသို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဝင်း ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး နှင့် ရဲတပ်ဖွဲ့ဝင်(၅၀)ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင် ခရိုင် မီးသတ် ဦးစီးမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်(၁၀)ဦး မီးသတ်ကား(၂)စီးနှင့် အတူ သွားရောက်ခဲ့ပြီး ကွန်ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးထွန်းနှင့် သက်ဆိုင်ရာ ဆယ်အိမ် မှူးများ၊ ရပ်မိ/ရပ်ဖများမှ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက် ခဲ့ပြီး ရွှေတန့်တစ်ကျေး ရွာမှလာရောက်သော ရွာသူ/သား(၂၀၀)ခန့်အား စည်း ရုံး ပြောဆိုပြန်လွှတ်ခဲ့ကြောင်း သိရသည်။ ယခုအခါ တည်ငြိမ်အေးချမ်း လျှက် ရှိပြီး အခြားလူမျိုးရေး ဘာသာရေးနှင့် ပတ်သက်မှုများ မရှိကြောင်းသိရသည်။

ပခုက္ကူ ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဘောလုံးပွဲ အချင်းများရာမှ ခိုက်ရန်ဖြစ်ပွား ဘောလုံးပွဲ အချင်းများရာမှ ခိုက်ရန်ဖြစ်ပွား Reviewed by THITHTOOLWIN on 16:54 Rating: 5
Powered by Blogger.