ဝမ်ပုံ ဩဂုတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖုန်း(ခ)အုပ်စု၊ ဝှေလေလန်(အာခါ)ကျေးရွာ၌ သားအဖချင်း စကားများရန်ဖြစ်ရာမှ သားဖြစ်သူက ဒေါသဖြင့် ဖခင်ဖြစ်သူကို ဦးခေါင်း အား ခုတ်ပိုင်းသတ်ဖြတ်သည့် ဖြစ်စဉ် ဩဂုတ် ၁၉ ရက်နေ့နံနက်က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်က ဝမ်ပုံနယ်မြေရဲစခန်း အနောက်မြောက်ဖက် ၁၇ မိုင်ခန့်အကွာ ဝှေလေလန်(အာခါ)ကျေးရွာ၊ မိုင်းဖုန်း(ခ)ကျေးရွာ အုပ်စု၊ ရွာသူကြီး ဦးဂျူးဘီ နေအိမ်တွင်ရှိနေစဉ် အိမ်နှင့် အိမ်နီးချင်းကိုက် ၅၀ ခန့်အကွာရှိ ဦးအားဖာ တဲအိမ်ဖက်မှ ရန်ဖြစ်အော်ဟစ်ဆူညံသံများ ကြားရသဖြင့် သွားရောက် ကြည့်ရှု့ခဲ့ရာ ဦးအားဖာ (၄၉ နှစ်)နှင့် သားဖြစ်သူ လီဖာတို့ သားအဖချင်း စကားများရန်ဖြစ်ကြရာ အိမ်နီးနားချင်းများအားဖြန်ဖြေပေးရန် အကူအညီ တောင်းခံနေစဉ် အရိုး အသွား ၃၁ လက်မခန့်၊ဗျက် ၂ လက်မခန့်ရှိ အဖျားကောက် ကိုင်းခုတ်ဓားအရှည်ဖြင့် ခုတ်ပိုင်းပြီး လီဖာမှာ ဖခင်ဖြစ်သူ ဦးအားဖာ၏ ဦးခေါင်းအား ကိုင်၍ တဲအိမ်ထဲမှ ထွက်လာသည်ကိုတွေ့ဖြင်သဖြင့် ၄င်းလည်းကြောက်လန့်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်သတင်းပို့ခဲ့ကြောင်း၊ ၄င်းနောက် စခန်းမှူးထံ ဖုန်းဖြင့် ဆက်လက်သတင်းပို့ခဲ့ပြီး အိမ်နီးချင်း ဖြစ်သူ ဦးအားဖာအား ကိုင်းခုတ်ဓားဖြင့်လည်ပင်းအား ခုတ်ပိုင်းသတ်ဖြတ်သူ လီဖာအား ဥပဒေအရ အရေးယူပေးရန် တရားလိုပြုလုပ် တိုင်တန်းခဲ့သည်။
အမှုမှ ဖခင်ဖြစ်သူကို လည်ပင်းခုတ်ပိုင်းသတ်ဖြတ်သူ လီဖာအား ဝမ်ပုံနယ်မြေရဲစခန်းက (ပ)၁၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရ အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)
https://www.facebook.com/mjin.mou.1
သားအဖချင်း စကားများရန်ဖြစ်ရာမှ သားဖြစ်သူက ဖခင်ဖြစ်သူကို ဦးခေါင်းအား ဓားဖြင့်ခုတ်သတ်
Reviewed by THITHTOOLWIN
on
13:45
Rating:
