တာမွေမြို့ နယ်ရှိ ဆေးရုံကြီး ၀င်းအတွင်း ဆောက်လက်စ တိုးချဲ့ ဆောင် ကြမ်းခင်းပြိုကျ၍ ၁ ဦး သေဆုံး ၊ ၁ ဦး ဒဏ်ရာရ

ဆေးရုံကြီး ၀န်းအတွင်းရှိ ဆောက်လက်စ တိုးချဲ့ ဆောင် ကြမ်းခင်း ပြိုကျရာတွင် ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)
     ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

    ရန်ကုန်မြို့ ၊ တာမွေမြို့ နယ်ရှိ နား၊ နှာခါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး ၀င်းအတွင်းရှိ ဆောက်လက်စ တိုးချဲ့ ဆောင်တွင် ယနေ့ သြဂုတ်လ ၁၃ ရက်တွင် ကြမ်းခင်းပြိုကျ၍ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာ နေရာရှိ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထိုဆေးရုံကြီး ၀င်းအတွင်းရှိ ဆောက်လက်စ တိုးချဲ့ ဆောင် ၅ လွှာအား နံနက် ၉ နာရီဝန်းကျင်တွင် ဘိလပ်မြေ ဆလပ်လောင်းနေစဉ် ကြမ်းခင်း ပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၊ ပြိုကျရာတွင် လူပိတ်မိခဲ့မှုများ ရှိသဖြင့် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှာဖွေ ကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

 ဆေးရုံကြီး ၀န်းအတွင်းရှိ ဆောက်လက်စ တိုးချဲ့ ဆောင် ကြမ်းခင်း ပြိုကျရာတွင် ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ)
 
တာမွေမြို့ နယ်ရှိ ဆေးရုံကြီး ၀င်းအတွင်း ဆောက်လက်စ တိုးချဲ့ ဆောင် ကြမ်းခင်းပြိုကျ၍ ၁ ဦး သေဆုံး ၊ ၁ ဦး ဒဏ်ရာရ  တာမွေမြို့ နယ်ရှိ ဆေးရုံကြီး ၀င်းအတွင်း ဆောက်လက်စ တိုးချဲ့ ဆောင် ကြမ်းခင်းပြိုကျ၍ ၁ ဦး သေဆုံး ၊ ၁ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:38 Rating: 5
Powered by Blogger.