![]() |
မန္တလေးမြို့က ရေဘေးဒုက္ခသည်တွေကို သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ Photo: Hset Paing Toe/ RFA |
မနေ့ညကစပြီး ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေထိုင်နေရတာဖြစ်တယ်လို့ ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောပါတယ်။
လက်ရှိ အောင်ပင်လယ်၊ ကန်သာနဲ့ အမှတ် ၄ ရပ်ကွက်တို့က ဓမ္မာရုံ၊ ဘုရားဝင်း၊ စာသင်ကျောင်းနဲ့ ဘူတာရုံတွေမှာ ကယ်ဆယ်ရေးစခန်း ၈ ခုဖွင့်လှစ်ထား ပြီး ရေဘေးဒုက္ခသည်တွေကို နေရာချထားပေးပါတယ်။
ဓမ္မာရုံတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ထပ်တိုးဖွင့်လှစ်ဖို့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ညှိနှိုင်းဆွေးနွေးနေ ကြပါတယ်။
ရေမြောင်းတွေပိတ်ဆို့နေတာကြောင့် မိုးများတဲ့အခါ ရေကြီးတာဖြစ်ပြီး လယ်ကွက်တွေအတွက် သိုလှောင်ထားတဲ့ ရေတွေလျှံကျတာကြောင့်လည်း ရပ်ကွက် အတွင်းက နေအိမ်တွေထဲကို ရေဝင်ရောက်မှုများခဲ့တာဖြစ်တယ်လို့ ဦးမြင့်အောင်မိုး က ပြောပါတယ်။
လက်ရှိ ရေဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအတွက် အလှူငွေတွေကောက်ခံနေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီကနေ အကူအညီရရှိဖို့တောင်းခံ ထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
မန္တလေးမှာ ရေဘေးကြောင့် လူဦးရေ ၆ ထောင်ကျော် ကယ်ဆယ်ရေးစခန်း ပြောင်းရွှေ့
Reviewed by THITHTOOLWIN
on
18:08
Rating:
