ဂျွန်းအက်ဖ်ကနေဒီလေဆိပ်တွင်း ပစ်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်အားလုံး ဆိုင်းငံ့ထား

နယူးယောက်ရှိ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    နယူးယောက် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

    အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရှိ ဂျွန်အက်ဖ်ကနေဒီ(JFK) လေဆိပ် စင်္ကြန်တစ်ခုအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လေယာဉ်ခရီးစဉ်အားလုံးကို ဆိုင်းငံ့ထားလိုက်ကြောင်း ပြည်တွင်းသတင်းဌာနများက သြဂုတ် ၁၄ ရက်တွင် သတင်းဖော်ပြသည်။

“ လေယာဉ်ခရီးစဉ်အားလုံးရပ်ဆိုင်းထားပါတယ်။ အဝင်လေယာဉ်တွေကိုလည်း တခြားလေဆိပ်တွေမှာ ဆင်းသက်ကြဖို့ လမ်းညွှန်ထားပါတယ်” ဟု နယူးယောက်မြို့ ရဲတပ်ဖွဲ့ က တွစ်တာလူမှုကွန်ယက်စာမျက်နှာကတဆင့် သတိပေးထားသည်။

ထို့ ပြင် သေနက်သမားကို ရှာဖွေဖော်ထုတ်နိုင်ရန် ကနေဒီလေဆိပ်အတွင်းရှိ စင်္ကြန်အမှတ် ၈ တွင် ဘေးအန္တရာယ်ကင်းရေး အရေးပေါ်ဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဂျွန်းအက်ဖ်ကနေဒီလေဆိပ်တွင်း ပစ်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်အားလုံး ဆိုင်းငံ့ထား  ဂျွန်းအက်ဖ်ကနေဒီလေဆိပ်တွင်း ပစ်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်အားလုံး ဆိုင်းငံ့ထား Reviewed by THITHTOOLWIN on 16:21 Rating: 5
Powered by Blogger.