နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြန်လည် ရောက်ရှိ
ရန်ကုန် သြဂုတ် ၂၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရှန်ရှီးပြည်နယ် ရှီအန်းမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာ လာရာ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ယူနန် ပြည်နယ် ကူမင်းမြို့သို့ ရောက်ရှိကြ သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Chen Hao နှင့် တာဝန် ရှိသူများ၊ ယူနန်ပြည်နယ်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယူနန်ပြည်နယ် တရုတ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Li Jiheng ၊ ယူနန်ပြည် နယ် အုပ်ချုပ်ရေးမှူး Mr.Chen Hao တို့သည် ကူမင်း လေဆိပ် အနီးရှိ ခေတ္တတည်းခို သည့် The Best Yuechang Hotel ဧည့်ခန်းမ၌ တွေ့ဆုံ သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးပိုမိုတည်တံ့ခိုင်မြဲရေးနှင့် နှစ်နိုင်ငံ ပြည်သူ များအကြား ပိုမိုရင်းနှီးစွာ ဆက်ဆံရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး တို့အတွက် အထူးပူးပေါင်းဆောင် ရွက်ရေး၊ ကဏ္ဍစုံတွင် ပိုမို ပူးပေါင်းဆောင် ရွက်ရေးနှင့်
မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးဖော်ဆောင်မှု လုပ်ငန်းများတွင် ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရေး၊ ပါတီချင်း ပိုမိုနီးကပ်စွာ၊ ရင်းနှီးစွာ ဆက်ဆံရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထိုနောက် ယူနန်ပြည်နယ် တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးက နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား အဆိုပါ ဟိုတယ်၌ နေ့လယ်စာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ကူမင်းမြို့ မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိကြသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန် ရှိသူများ၊ တရုတ်သံရုံးမှ ကောင်စစ်ဝန် Mr. Chen Chen နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြန်လည် ရောက်ရှိ
Reviewed by THITHTOOLWIN
on
18:11
Rating:
