ကလေးငယ်သုံးဦးကို မိဘများက လျစ်လျူရှုထားသဖြင့် အကူအညီ လိုအပ်လျက်ရှိ

ကလေးငယ်သုံးဦးနှင့်အဖွားကို ၎င်းတို့၏နေအိမ်တွင်မြင်တွေ့ရစဉ်ဖြစ်သည်။ ဓါတ်ပုံ - ရိုစီသိန်း
ဖရူဆိုမြို့ မိုဆိုအုပ်စု ဒေါခရော့ခူကျေးရွာတွင် ကလေးသုံးဦး မိဘဖြစ်သူများက လစ်လျူရှုခြင်းခံရသဖြင့် ရှေ့ရေးအတွက် အခက်အခဲနှင့်တွေ့နေကြရသည်ဟု ၎င်းကျေးရွာမှ ဖွံ့ဖြိုးရေးလုပ်သားဖြစ်သူ မသျှားမာက ပြောသည်။

"သူတို့ကို ကြည့်မည့်သူမရှိတော့ အဖွားအိုနဲ့ပဲ နေနေရတယ်။ အဖွားကလည်း ဘာမှမလုပ်ပေးနိုင်တော့ ပိုခက်ခဲနေတယ်။" ဟု မသျှားမာက ပြောသည်။

အသက် ၆၀ အရွယ်ရှိသည့်အဖွားဖြစ်သူ ဒေါ်သျှားမာက မြေးဖြစ်သူ ဟယ်အူဘယ်နီဒဲ့တာသည် သစ်ပင်ပေါ်မှ ပြုတ်ကျကာ ခြေထောက်မလှုပ်နိုင်ဘဲ လမ်းမလျောက်နိုင်ဖြစ်နေသည့်အတွက် ကူညီပေးရန် ပြောဆိုသွားပါသည်။

ကလေးသုံးဦးမှာ အသက် ၁၀ နှစ် မသျှားမာ ခရစ္စတင်းနာ ၊ အသက် ၇ နှစ် ဟယ်အူဘယ်နီဒဲ့တာ ၊ အသက် ၄ နှစ် ဖဲသူ့မားရီကို တို့ဖြစ်ကြသည်။

ရိုစီသိန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
ကလေးငယ်သုံးဦးကို မိဘများက လျစ်လျူရှုထားသဖြင့် အကူအညီ လိုအပ်လျက်ရှိ  ကလေးငယ်သုံးဦးကို မိဘများက လျစ်လျူရှုထားသဖြင့် အကူအညီ လိုအပ်လျက်ရှိ Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.