မိုးညိုမြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ် ၂၆ လုံးပျက်ဆီးကာ လူခြောက် ဦးဒဏ်ရာရ


ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ စံပယ်မြှောင်အုပ်စု၊ စိန်တိုင်ကျေးရွာတွင် သြဂုတ် ၁၆ ရက်၊ ညပိုင်းက လေ ဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၂၆ လုံးပျက်စီးကာ လူ ခြောက် ဦးဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။


 နေအိမ်များပျက်စီးသွားသည့်နေရာများသို့ မိုညိုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မီးသတ်၊ ကြက်ခြေနီ ကယ်ဆယ်ရေးအဖွဲ့များမှာ သြဂုတ် ၁၇ ရက်တွင်ရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ပြိုလဲသစ်ပင်များနှင့် ပျက်ဆီးသွားသည့် နေအိမ်များကို ကူညီရှင်းလင်းပေးနေကြောင်း သိရှိရသည်။
“လေဆင်နှာမောင်းတိုက်တာပါ။ ဖြစ်တာက ညကဖြစ်တာ (သြဂုတ် ၁၆ ရက်ည) အခုတော့ ကယ်ဆယ်ရေး အဖွဲ့တွေတော့ လာနေကြပါပြီ။ လိုအပ်နေတာကတော့ ရေသန့်တွေနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေပါတယ်။”ဟု စိန်တိုင် ကျေးရွာမှ ဒေသခံ ကိုမင်းလွင်ကပြောသည်။


အဆိုပါကျေးရွာမှာ ဧရာဝတီမြစ်ရေကြီးမှုကြောင့်လည်း နေအိမ်များနှစ်မြုပ်မှုကို ခံစားခဲ့ရပြီး ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ မစတင်ရသေးမှီမှာပင် လေဆင်နှာမောင်းဒဏ်ကို ခံစားလိုက်ရခြင်းကြောင့် အကူအညီ များ လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။
 “လေဆင်နှာမောင်းတိုက်တော့ အခုလောလောဆယ် အောက်ကလည်း ရေလည်းမြုပ်နေတာ။ ဒူးလောက်ရှိ တယ်။ အိမ်ခြေ ၂၆ လုံး၊ သွပ်တွေလန်တယ်။ အကုန်လုံးပြိုလဲကုန်တယ်။ လူက ခြောက် ယောက်လောက် ထိခိုက် ဒဏ်ရာရတယ်။ အသေအပျောက်တော့မရှိဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း နှစ်ဖွဲ့လောက်တော့ လောလော ဆယ် ကူညီထောက်ပံ့တာတွေရှိပါတယ်။”ဟု မိုးညိုမြို့နယ်မှ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်းကပြောသည်။

အိမ်များပြိုလဲသွားခြင်းကြောင့် အရေးပေါ်နေထိုင်နိုင်ရန် တာပေါ်လင်စများ၊ လူအသုံးအဆောင်ပစ္စည်းများ၊ ရေသန့်နှင့် စားသောက်ရန်ဆန်တို့ လိုအပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
မိုးညိုမြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ် ၂၆ လုံးပျက်ဆီးကာ လူခြောက် ဦးဒဏ်ရာရ  မိုးညိုမြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ် ၂၆ လုံးပျက်ဆီးကာ လူခြောက် ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.