ဇနီးသည်အား အိမ်ထောင်ရေးဖောက်ပြန်သည်ဟု သံသယဖြင့် ကိုင်းခုတ်ဓါးမဖြင့် ခုတ်သတ်မှုဖြစ်ပွား


မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ စိုပြင်ရွာတွင် အမျိုသားတစ်ဦး မှ ဇနီးသည်အား ကိုင်းခုတ်ဓါးမဖြင့်ခုတ်သတ်ခဲ့မှု သြဂုတ်(၂)ရက်က ဖြစ်ပွားခဲ့ကြောင်း မြိုင်မြို့မရဲစခန်းမှ သိရသည်။

 ဖြစ်စဉ်မှာသြဂုတ်နှစ် ရက်မွန်းတည့် ၁၂ နာရီအချိန်က ဦးလှဆွေ၊ ရာအိမ်မှူုး၊စိုပြင်ရွာ၊ မြိုင်မြို့နယ်နေသူသည် နေအိမ်တွင်ရှိနေစဉ် တစ်ရွာတည်းနေ မောင်ညို၊ အသက် ၄၅ နှစ်ရောက်ရှိလာပြီး ၎င်းသည် ထန်းရည်သောက်စားမူးယစ်ပြီး ဇနီးဖြစ်သူ မထွေးရီ၊အသက် ၃၁ နှစ်အား အိမ်ထောင်ရေးဖောက်ပြန်သည်ဟု စွပ်စွဲစကားများပြီး နေအိမ်ရှိ အရိုးအသွား ၂၄ လက်မခန့်ရှိ ကိုင်းခုတ်ဓါးမဖြင့်ခုတ်ခဲ့ရာ မထွေးရီ တွင် ပြတ်ရှဒဏ်ရာ တစ် ချက်ရရှိပြီး သေဆုံးသွားခဲ့ကြောင်း မောင်ညိုမှ လာရောက်ပြောပြ သိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက် အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ မောင်ညိုအား အရေးယူပေးရန် သြဂုတ်နှစ် ရက်တွင် ဦးလှဆွေမှ တရားလိုပြု တိုင်ကြားခဲ့သောကြောင့် မြိုင်မြို့နယ်၊မြို့မရဲစခန်းမှ (ပ)၅၉၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထား ကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဇနီးသည်အား အိမ်ထောင်ရေးဖောက်ပြန်သည်ဟု သံသယဖြင့် ကိုင်းခုတ်ဓါးမဖြင့် ခုတ်သတ်မှုဖြစ်ပွား  ဇနီးသည်အား အိမ်ထောင်ရေးဖောက်ပြန်သည်ဟု သံသယဖြင့် ကိုင်းခုတ်ဓါးမဖြင့် ခုတ်သတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 14:17 Rating: 5
Powered by Blogger.