မင်္ဂလာဒုံ လူသတ်မှုမှ မသင်္ကာသူ ၃ ဦးကို တွေ့ ပါက ကူညီသတင်းပေးပါ

မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ မသင်္ကာသူ ၃ ဦးနှင့် ပတ်သက်၍ တွေ့ရှိပါက ကူညီသတင်းပေးနိုင်ပါရန် အသိပေးဖော်ပြခြင်း
ရန်ကုန်၊ သြဂုတ် ၂၉

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပတ္တမြားမြို့သစ် ရပ်ကွက်၊ အေးချမ်းလမ်းတွင်နေထိုင်သူ ဦးစိုးနောင်နှင့် ၎င်း၏မိသားစုများဖြစ်သော ဇနီးဖြစ်သူ မချယ်ရီပွင့်၊ သားဖြစ်သူမောင်ဟန်သူရနှင့် မောင်စွမ်းထက်မြက်တို့ ၄ ဦးသေဆုံးခဲ့ကြသည့်အမှုကို ထောက်ကြန့်နယ်မြေရဲစခန်း(ပ)၅၀၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ အမှုမှန်ပေါ်ပေါက်စေရေးအတွက် အပူတပြင်း စုံစမ်းဖော်ထုတ် လျက်ရှိပါသည်။

အမှုမှသေဆုံးသူ မချယ်ရီပွင့်၏လက်ကိုင်ဖုန်းအတွင်း ရိုက်ကူးထားသည့် မသင်္ကာသူ ၃ ဦး၏ဓာတ်ပုံအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ မြို့နယ်/ရဲစခန်းများသို့ စုံစမ်းပေးရန်ဖြန့်ဝေထားရှိပြီး အခြားပြည်နယ်/တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့များသို့လည်း ကူညီစုံစမ်းပေးရန် ဖြန့်ဝေထားရှိပြီးဖြစ်ပါသည်။

ပြည်သူများအနေဖြင့်လည်း အဆိုပါဓာတ်ပုံပါ မသင်္ကာသူ ၃ ဦးနှင့် ပတ်သက်၍ သတင်းအချက်အလက်တစ်စုံတစ်ရာရရှိပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ သတင်းလက်ခံဌာန 199 Call Centre ဖုန်း
အမှတ် ၁၉၉၊ ၀၁-၂၃၂၃၁၉၉ သို့ ဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းကူညီပေးနိုင်ပါရန်နှင့် သတင်းပေးပို့သူ၏လုံခြုံရေးကိုလျှို့ဝှက်ထားမည်ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
မင်္ဂလာဒုံ လူသတ်မှုမှ မသင်္ကာသူ ၃ ဦးကို တွေ့ ပါက ကူညီသတင်းပေးပါ မင်္ဂလာဒုံ လူသတ်မှုမှ မသင်္ကာသူ ၃ ဦးကို တွေ့ ပါက ကူညီသတင်းပေးပါ Reviewed by THITHTOOLWIN on 17:13 Rating: 5
Powered by Blogger.