အသက်မပြည့်သေးတဲ့ ကျောင်းသူလေး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခံရ


တိုက်ကြီးမြို့နယ် ဥတိုကျေးရွာ အထကခွဲကျောင်းသို့ ယခုလ ၁၂ ရက် နံနက် ၆ နာရီခွဲခန့်တွင် တရားလိုဖြစ်သူ အဒေါ်သည် ဈေးရောင်းရန် ထွက်ခွာသွားခဲ့ပြီး ကျောင်းဆင်းချိန် ၁၁ နာရီ ခန့်၌ အဒေါ်နှင့်အတူနေ ကိုးတန်း ကျောင်းသူ မ---အသက် (၁၆နှစ်)သည် ထမင်းချိုင့်လာမယူ သဖြင့် ၄င်း၏ အတန်းပိုင်ဆရာမ ဒေါ်ခင်မိုးအေးအား သွားရောက် မေးမြန်းခဲ့သည်။

 တူမဖြစ် သူမ---မှာ ကျောင်းလာမတက်ကြောင်း စုံစမ်းသိရသဖြင့် တူမ၏သူငယ်ချင်း ဖြစ်သူ တစ်ရပ်တည်းနေ မအိမွန်စိုး အား သွားရောက်မေးမြန်းခဲ့ရာ ၄င်းထံသို့ လာရောက်ခြင်းမရှိ ကြောင်းသိရသည်။

 တူမဖြစ်သူ မ--- မှာ ညနေ ၆ နာရီခွဲခန့်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာ သဖြင့် အဒေါ်ဖြစ်သူက မေးမြန်းခဲ့ရာ ၄င်းမှာ နေအိမ်မှ ကျူရှင်သို့ သွားရောက်စဉ် ဝိသုတ္တာရုံဘုန်း ကြီးကျောင်းဝင်း လယ်ကွင်းစပ် ရေကန်အနီးအရောက် တစ်ရွာ တည်းနေ သက်ထက်အောင် (ခ) တရုတ်(၂၄နှစ်)က လှမ်းခေါ်သဖြင့် သွားရောက်ခဲ့စဉ် မ--- အား သက်ထက်အောင်က ရေကန်အနီး ချုံပုတ်ထဲ၌ အလိုမတူဘဲ သား မယားအဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့ပြီး မိဘများကိုပြန်မပြောရန် ခြိမ်း ခြောက်ခဲ့ကြောင်းသိရသည်။

 သက် ထက်အောင်(ခ)တရုတ်ကို တိုက် ကြီးရဲစခန်းက(ပ)၃၁၃/၂ဝ၁၆ ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်အရေးယူထားသည်။

ထွန်းလှိုင်(မြိုင်)
The Union Daily
http://uniondaily.net
အသက်မပြည့်သေးတဲ့ ကျောင်းသူလေး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခံရ  အသက်မပြည့်သေးတဲ့ ကျောင်းသူလေး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခံရ Reviewed by THITHTOOLWIN on 23:03 Rating: 5
Powered by Blogger.