ရှင်မော်တောင်ဘုရား၌ ဘုရားဖူး ဧည့်သည် နှစ်ဦး ရေလှိုင်း ရိုက်ခတ်မှုကြောင့် ရေထဲမျှောပါ


လောင်းလုံး သြဂုတ် ၂၆

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကြက်လွှတ် ကျေးရွာ ရှင်ကိုးရှင်သမိုင်းဝင် ဘုရားတစ်ဆူ ဖြစ်သည့် ရှင်မော်တောင် ဘုရားသို့ ထားဝယ် မြို့နယ် သပြေချောင်း ကျေးရွာမှ ဘုရား ဖူးလာ ဧည့်သည်များသည် ရှင်မော်ဘုရား ၌ အငူစွန်း ထွက်၍ ဓါတ်ပုံရိုက်ကူး နေစဉ် ရေလှိုင်း ရိုက်ခတ် ၍ နှစ်ဦးစလုံး ရေထဲမျှောပါ သွားကြောင်း သြဂုတ် ၂၅ ရက် နံနက်၉နာရီ မီနစ် ၄၀အချိန် ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။


အဆိုပါဖြစ်စဉ်မှာ သားဖနှစ်ဦး ဓါတ်ပုံရိုက်ကူး နေစဥ်ရေလှိုင်း ရိုက်ခတ်လာသဖြင့် နှစ်ဦးစလုံး ရေထဲမျှောပါပြီး ဇနီးဖြစ်သူက အော်ဟစ် အကူအညီ တောင်းသဖြင့် ယင်းဘုရားတွင် ပန်းရံအလုပ် လုပ်နေသော မောင်မင်းကို၏ ကူညီ ကယ်ဆယ်ဒေ ပေးခြင်းကြောင့် သားဖြစ်သူ မောင်ထွန်းအောင်ကျော် အား ကယ်ဆယ်နိုင်
ပြီး ဖခင်ဖြစ်သူမှာ ရေနစ်ခဲ့ကြောင်း သိရသည်။

ယင်းဘုရားဖူးယာဉ်သည် ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာမှဘုရားဖူးလာသူ ၁၂ ဦးဖြစ်ကြောင်း သိရပြီး ပျောက်ဆုံးသူ ဦးမျိုးနိုင် (ဘ) ဦးမျိုးထွန်း (မိ) ဒေါ်ခင်ညွန့် တောင်ကြီးမြို့ အိမ်အမှတ် ၂၄၂ မင်္ဂလာဦး ရပ်ကွက် မင်္ဂလာဦး လမ်း နေထိုင်သူ ဖြစ်ပြီး သကျက်တော ရဲစခန်းမှူး ရဲအုပ်ဝင်းဗိုလ် နှင့် တပ်ဖွဲ့ဝင်များ၊ ကြက်လွှတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးနိုင်ထွန်း နှင့် ဒေသခံများ စက်လှေ၃ စင်းဖြင့် ရှာဖွေနေကြောင်း သိရသည်။

(ပြန်/ဆက်)လောင်းလုံး

ဓာတ်ပုံ - ရှင်မော်ဘုရား
တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news/
ရှင်မော်တောင်ဘုရား၌ ဘုရားဖူး ဧည့်သည် နှစ်ဦး ရေလှိုင်း ရိုက်ခတ်မှုကြောင့် ရေထဲမျှောပါ ရှင်မော်တောင်ဘုရား၌ ဘုရားဖူး ဧည့်သည် နှစ်ဦး ရေလှိုင်း ရိုက်ခတ်မှုကြောင့် ရေထဲမျှောပါ Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.