ဗိုက်တာမင်ကြွယ်ဝသည်ဟုဆိုကာ ပြည်သူများ ခွေးသားများများစားကြရန် မြောက်ကိုရီးယားအစိုးရ တိုက်တွန်း


မြောက်ကိုရီးယားနိုင်ငံတွင် ပြည်သူအများစုဆင်းရဲနွမ်းပါး၍ ငတ်မွတ်ခေါင်းပါနေချိန် ပြည်သူများအနေဖြင့် ဗိုက်တာမင် ကြွယ်ဝစွာပါဝင်သော ခွေးသားကို ပိုမိုစားသုံးကြရန် အစိုးရက တိုက်တွန်းထားသည်။

အာဏာရှင်ကင်ဂျုံအန်းခေါင်းဆောင်သော မြောက်ကိုရီယားအစိုးရက ခွေးသားသည် ကြက်သား၊ ၀က်သား၊ အမဲသား၊ ဘဲသားတို့ထက် ဗိုက်တာမင် ပိုမိုကြွယ်ဝကြောင်း၊ စားသုံးသူကို သက်လုံကောင်းစေကြောင်းဖြင့် ခွေးသားပရိုမိုးရှင်း ပြုလုပ်လျက်ရှိသည်။

မြောက်ကိုရီးယား၏ ၀ါဒဖြန့် Youtube လိုင်းတလိုင်းဖြစ်သော DPRK Today တွင်လည်း ခွေးသားတွင် အခြားအသားများထက် ဗိုက်တာမင် ပိုမို ပါဝင်ကြောင်း၊ ခွေးသားသည် အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေကြောင်း ကြေညာထားသည်။


ထို့ပြင် ခွေးကို ရိုက်သတ်ခြင်းဖြင့် ပိုမိုကောင်းမွန်သောအရသာရရှိနိုင်ကြောင်း၊ မီးမတင်မီအမွေးနှုတ်သင့်ကြောင်း အဆိုပါ Youtube ချန်နယ်၌ လမ်းညွှန်ထားသည်။

မြောက်ကိုရီးယားတွင် ယင်းသို့ ခွေးသားပရိုမိုးရှင်းပြုလုပ်လာပြီးနောက်ပိုင်း တောင်ကိုရီးယားမှ တိရစ္ဆာန်အရေးတက်ကြွလှုပ်ရှားသူများက အထက်ပါနည်းအတိုင်း သတ်ဖြတ်ခြင်းကို ကန့်ကွက်လျက်ရှိသည်။

မြောက်ကိုရီးယား ရုပ်မြင်သံကြားလိုင်းတခုကလည်း ပြုံယမ်းမြို့မှ အောင်မြင်ကျော်ကြားသော ခွေးသားဆိုင်တဆိုင်အကြောင်းကို ရုပ်သံမှတ်တမ်းတခု တင်ဆက်ခဲ့သည့်အပြင် Tongil အသံ ရေဒီယိုမှလည်း ခွေးသားစတူးသည် အကောင်းဆုံးဆေးဝါးဖြစ်ကြောင်း ထုတ်လွှင့်ခဲ့ကြပြီး “အဆင်မပြေတဲ့နေ့တွေမှာ ခွေးအသားတပြားဟာ အကောင်းဆုံးဆေးဖြစ်တယ်ဆိုတဲ့ စကားပုံရှိပါတယ်”ဟု ဖော်ပြခဲ့သည်။

Ref;Mail Online
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ဗိုက်တာမင်ကြွယ်ဝသည်ဟုဆိုကာ ပြည်သူများ ခွေးသားများများစားကြရန် မြောက်ကိုရီးယားအစိုးရ တိုက်တွန်း  ဗိုက်တာမင်ကြွယ်ဝသည်ဟုဆိုကာ ပြည်သူများ ခွေးသားများများစားကြရန် မြောက်ကိုရီးယားအစိုးရ တိုက်တွန်း Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.