အီရတ်နိုင်ငံက ဆေးရုံအတွင်း အောက်ဆီဂျင် ဘူးမှ စတင်မီးလောင် မွေးကင်းစ ခလေး(၁၁)ဦးသေဆုံး


၊News update 10August 2016၊

အီရတ် နိုင်ငံ ဘက်ဒက် (Baghdad) မြို့ အနောက်ပိုင်းကYarmouk Hospital ဆေးရုံ မှာ မနေ့ ညပိုင်းက လူနာဆောင်အတွင်း အောက်ဆီဂျင် ဘူးကနေစတင် ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်၊

မီးလောင်ပေါက် ကွဲရာမှ လျက်စစ်ကြိုးတွေကိုပါ မီးစွဲလောင်ခဲ့ပြီး လူနာဆောင်တွေကို မီးကူးဆက် လောင်ခဲ့ပါတယ်။


ဆေးရုံအတွင်း က မွေးကင်းစခလေးတွေ ထားတဲ့ နေရာ ပါ မီးလောင်သွားခဲ့ပြီး ဆေးရုံမှာ လာရောက် မွေးဖွားနေတဲ့ ခလေးငယ် (၁၁) သေဆုံးပြီးလူနာ (၂၅) ဒဏ်ရာရခဲ့ကြောင်း အီရတ် ကျန်းမာရေး ၀န်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အာနက် အယ်ရူဒီနီ Ahmed al-Rudaini,ကပြောပါတယ်။

ခလေးငယ်တွေဟာ ထားတဲ့ အဆောင်က အောက်ဆီဂျင်ပေးထားတဲ့ ဖန်အုပ်ဆောင်း စက်တွေပါ မီးလောင် ခဲ့လို့  ခုလိုခေလးငယ်တွေ သေဆုံးခဲ့ ရတာလို့  အီ၇တ် နိုင်ငံ ဆိုင်ရာ သတင်းတွေမှာဖေါ်ပြထားပါတယ်။

(SAW)
Social Action for Women - SAW
အီရတ်နိုင်ငံက ဆေးရုံအတွင်း အောက်ဆီဂျင် ဘူးမှ စတင်မီးလောင် မွေးကင်းစ ခလေး(၁၁)ဦးသေဆုံး အီရတ်နိုင်ငံက ဆေးရုံအတွင်း အောက်ဆီဂျင် ဘူးမှ စတင်မီးလောင် မွေးကင်းစ ခလေး(၁၁)ဦးသေဆုံး Reviewed by THITHTOOLWIN on 17:24 Rating: 5
Powered by Blogger.