နာဂဒေသမှာ လူ ၄ဝ လောက် သေဆုံးမှု ဝက်သက်ရောဂါကြောင့်ဖြစ်

နာဂဒေသက ကူးစက်ရောဂါခံစားနေရတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရစဉ်။ Photo: U Aung Htut
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ လူဦးရေ ၄ဝ လောက် သေဆုံးတာဟာ ဝက်သက်ရောဂါကြောင့်ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အတည်ပြုလိုက်ပါတယ်။

သေဆုံးသူတွေရဲ့သွေးကို ဓါတ်ခွဲစစ်ဆေးခဲ့ရာမှာ ဝက်သက်ရောဂါပိုးကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်က ထန်ခေါ်လားမားကျေးရွာ မှာ ရောဂါစတင်ဖြစ်ပွားခဲ့ပြီး လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်က အခြား ကျေးရွာတွေကို ပျံနှံသွားရာကနေ သေ ဆုံးသူ ၃၈ ဦးအထိရှိလာခဲ့တာဖြစ်ပါတယ်။

ရောဂါဖြစ်ပွားရာ ဒေသတွေဟာ ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေဖြစ်တာကြောင့် ဝက်သက်ရောဂါ ကာကွယ်ဆေး မထိုးနိုင်ခဲ့သလို ရောဂါပျံ့နှံပြီးမှ သိရှိခဲ့တာကြောင့် သေဆုံးသူတွေများခဲ့တာ ဖြစ်တယ် လို့ ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။

လက်ရှိ ရောဂါဖြစ်ပွားရာနေရာတွေကို ဗဟိုကျန်းမာရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန၊ ခန္တီးမြို့နယ် ကျန်းမာရေးဦးစီးဌာနနဲ့ တပ်မတော်က ပါရဂူ စုစုပေါင်း ၁၅ ယောက်လောက် ဆေးကုသပေးနေတယ် လို့ ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ