![]() |
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN ( K ) တပ်ဖွဲ့ ဝင်တစ်ဦးအား တွေ့ ရစဉ်။ ဓါတ်ပုံ - Google Images |
တိုက်ပွဲကြောင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ရွှေလောကျေးရွာတဝိုက်က ဝက်သက်ရောဂါ ခံစားနေရသူတွေကို ထောက်ပံ့ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ နာဂအမျိုးသားရေးရာကောင်စီရဲ့ တွဲဘက်အတွင်းရေးမှူး ဦးရှုမောင်က ပြောပါတယ်။
အိန္ဒိယအအစိုးရရဲ့ အထူးတပ်ဖွဲ့နဲ့ အာဆမ်ရိုင်ဖယ်တပ်ဖွဲ့တွေဟာ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီနဲ့ မြန်မာ-အိန္ဒိယ နယ်စပ်တွေမှာ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။
အဲ့ဒီလို တိုက်ပွဲဖြစ်ပွားတာကြောင့် အခုဆိုရင် နန်းယွန်းမြို့နယ်ထဲက ဝက်သက်ရောဂါ ကူးစက်ခံစားနေရတဲ့ ရွာတွေဘက်ကိုပဲ သွားရောက်ကူညီဖို့ အစီအစဉ်ပြောင်းလိုက်ရတယ်လို့ ဦးရှုမောင်က ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဝက်သက်ရောဂါခံစားရလို့ မနေ့ကအထိ လူ ၄၄ ယောက်သေဆုံးခဲ့ပြီး ငါးရာဝန်းကျင် ဝေဒနာခံစားနေရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
အိန္ဒိယ မြန်မာနယ်စပ်မှာ နာဂနဲ့ အိန္ဒိယတပ်တွေ တိုက်ပွဲဖြစ်
Reviewed by THITHTOOLWIN
on
18:07
Rating:
