ကျိုက်ခမီရေလယ်ဘုရားဝင်းရှိ ဓါတ်တော်တိုက်တံခါးကို ဖျက်ဆီးသည့် မူးယစ်သူများအား အရေးယူ


သံဖြူဇရပ်၊ ဇူလိုင် ၃၀

ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဘုရားကြီးဝင်းအတွင်းရှိ ဓာတ်တော်တိုက်အဆောက်အဦး၏ တံခါးများ အား ဖျက်ဆီးခဲ့သည့် မူးယစ်သူများအား အရေးယူထားကြောင်း ကျိုက်ခမီနယ်မြေရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ကျိုက်က္ခမီဆုတောင်းပြည့် ရေလယ်ဘုရားကြီးဝင်းအတွင်း၌ တည်ဆောက်နေသောလုပ်ငန်း ခွင်တစ်ခုရှိ ဆောက်လုပ်ရေးအလုပ်သမားတစ်စုက မူးယစ်ရမ်းကားပြီးအော်ဟစ်နေသည့်အတွက် တာဝန်ကျ ဘုရားဝင်းလုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူများသွားရောက်တားမြစ်ရာ လိုက်နာခြင်းမရှိသည့်အပြင် အဆောက်အဦး တခါးမကြီးရှိ တံခါးများကို ဇူလိုင်လ(၃၀)ရက်နေ့၊ ည(၇း၄၅)မိနစ်အချိန်ခန့်တွင် ဖျက်ဆီးခဲ့ကြောင်း လုံခြုံရေး အဖွဲ့များထံမှ သိရသည်။

ယင်းကဲ့သို့ မူးယစ်ဖျက်ဆီးမှုကြောင့် ဓါတ်တော်တိုက်အဆောက်အဦးတံခါးမကြီး အလယ်အကန့်ရှိ အလျား(၂၂)လက်မ၊ အနံ(၄.၆)လက်မရှိ တံခါးဆံပျဉ်ချပ်(၄)ချပ် ပျက်စီးသွားကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြ ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ့အတွင်းရေးမှူးဦးအောင်မြင့်ရွှေမှ ကျိုက္ခမီနယ်မြေရဲစခန်းသို့ တိုင်ကြားသဖြင့် ယင်းနေ့တွင်ပင် ကျိုက္ခမီနယ်မြေရဲစခန်းမှကျူးလွန်သည်ဟုယူဆရ သည့် ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့မှ လာရောက်အလုပ်လုပ်သူ(၄)ဦးနှင့် ဝါးပြန်ကုန်းကျေးရွာမှ လာ ရောက် အလုပ်လုပ်သူ (၂)ဦးတို့အား (ပ)၈၉/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ၂၉၅အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်းနှင့် ဓါတ်ပုံ - ကျဲရောဒ့်
Than Lwin Times
https://www.facebook.com/thanlwintimes9
ကျိုက်ခမီရေလယ်ဘုရားဝင်းရှိ ဓါတ်တော်တိုက်တံခါးကို ဖျက်ဆီးသည့် မူးယစ်သူများအား အရေးယူ ကျိုက်ခမီရေလယ်ဘုရားဝင်းရှိ ဓါတ်တော်တိုက်တံခါးကို ဖျက်ဆီးသည့် မူးယစ်သူများအား အရေးယူ Reviewed by THITHTOOLWIN on 16:21 Rating: 5
Powered by Blogger.