ပွင့်ဖြူ မြို့မဈေးရှိ ပျံကျဈေးရုံ ပြိုကျမှုဖြစ်ပွား


ပွင့်ဖြူ သြဂုတ် ၂၅

မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မဈေးအတွင်းရှိ ပျံကျဈေးရုံကြီးသည် သြဂုတ်လ (၂၅)ရက်နေ့၊ ညနေ (၄)နာရီ (၂၉)မိနစ်တွင် ပြိုကျမှု ဖြစ်ပွားခဲ့သည်။


အဆိုပါ ဈေးရုံကြီးသည် ၁၈၈၆-ခုနှစ်ခန့်က ဈေးသူ/ဈေးသားများမှ စုပေါင်း ဆောက်လုပ်ခဲ့သော အလျား (၁၁၀)ပေ၊ အနံ(၄၀)ပေ၊ အမြင့်(၁၅)ပေရှိ သွပ်မိုး အဆောက်အဦဖြစ်ရာ သြဂုတ်လ (၂၄)ရက်နေ့ မြေငလျင် လှုပ်မှု ဒဏ်ကြောင့် သံဖိနပ်တိုင်များ ပြတ်တောက်ယိုင်းနဲ့ခဲ့၍ သြဂုတ်လ (၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီ၊ မြို့မိ/မြို့ဖ များ၊ ဈေးသူ/ဈေးသားများနှင့် တွေ့ဆုံညှိနှိုင်းကာ ဈေးရုံးကြီးအားဖျက်၍ အသစ် အမြန် ပြန်လည်တည်ဆောက်ရန် ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။


ပျံကျဈေးရုံ ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ/သေဆုံးမှု မဖြစ်ပွားခဲ့သော်လည်း၊ သိုလှောင်ကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်းနှင့် အဆိုပါ ပြိုကျ အဆောက်အဦအား မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် များ၊ စည်ပင်သာယာရေး အဖွဲ့ ၀န်ထမ်းများ၊ ဈေးသူ/ဈေးသာများမှ ရှင်းလင်းရေး လုပ်ငန်းများ ချက်ချင်းဆောင် ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

သူရထွန်း(ပွင့်ဖြူ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပွင့်ဖြူ မြို့မဈေးရှိ ပျံကျဈေးရုံ ပြိုကျမှုဖြစ်ပွား ပွင့်ဖြူ မြို့မဈေးရှိ ပျံကျဈေးရုံ ပြိုကျမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.