မလေးရှားနိုင်ငံက ကွန်တိန်နာနေအိမ်မှာ မီးလောင်မှု ဖြစ်ပွား ခဲ့တာကြောင့် မြန်မာနိုင်ငံသား(၂)ဦးသေ


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီးက ကွန်တိန်တာနဲ့ ပြုလုပ်ထားတဲ့ နေအိမ်တစ်ခုမှာ သြဂုတ်လ (၁၉) ရက် မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသားနှစ်ဦး မီးလောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီး ကိုတာဒမ်မာ ဆာရာကာယုအာရရပ်ကွက်က ကွန်တိန်နာနေအိမ်မှာမီးလောင်မှုဖြစ်ပွားခဲ့ပြီး အလုပ်ပိတ်ရက် အနားယူနေတဲ့ မြန်မာနိုင်ငံသားနှစ်ဦး မီးလောင်သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။


 သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ဦးဟာ မလေးရှားနိုင်ငံကို လွန်ခဲ့တဲ့ (၆)လက အလုပ်လုပ်ကိုင်ဖို့ တရားဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

 သေဆုံးခဲ့မှုကို မြန်မာပြည် အေဂျင်စီက တစ်ဆင့် နိုင်ငံခြားရေးရာဌာနနဲ့ မိသားစုဝင်တွေကို အကြောင်းကြား ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ကိုဝင်းဦး
5 Plus News
https://www.facebook.com/5plusnews
မလေးရှားနိုင်ငံက ကွန်တိန်နာနေအိမ်မှာ မီးလောင်မှု ဖြစ်ပွား ခဲ့တာကြောင့် မြန်မာနိုင်ငံသား(၂)ဦးသေ  မလေးရှားနိုင်ငံက ကွန်တိန်နာနေအိမ်မှာ မီးလောင်မှု ဖြစ်ပွား ခဲ့တာကြောင့် မြန်မာနိုင်ငံသား(၂)ဦးသေ Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.