မကွေးမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဂိုဒေါင်ဟောင်းတစ်လုံးပြိုကျမှုဖြစ်ပွား


မကွေး သြဂုတ် ၂၄

မကွေးမြို့တွင် သြဂုတ်လ ၂၄ရက် ညနေ ၅နာရီ ၅မိနစ် ခန့်က ချောက်မြို့၏ အနောက်ဘက် ၁၂မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားသည့် ရစ်စတာစကေး ၆.၈အဆင့်ရှိ ငလျှင်လှုပ်ခတ်မှုကြောင့် မကွေးမြို့ပေါ်တွင် ၃မိနစ်ခန့် သစ်ပင်များ သိသာစွာ လှုပ်ရမ်းခြင်း၊ အုတ်ကန်များအတွင်းမှ ရေများ အပြင်သို့ထွက်ကျလာခြင်းများကို သိသာစွာခံစားခဲ့ရကြောင်းသိရသည်။


အဆိုပါ ငလျင်လှုပ်ခတ်ခြင်းကြောင့် မကွေးမြို့ မြို့ဟောင်းရပ်ကွက် အတွင်းရှိ ရွှေပြည်အေး ဆီစက်ဟောင်းအား ပိုင်ရှင် ဦးမောင်မောင်ဌေးက ဂိုဒေါင်ဟောင်းအဖြစ်အသုံးပြုခဲ့ရာ ၄င်း၏ဘေးရှိ မုန့်ဟင်းခါးဆိုင်ပေါ်သို့ ပြိုကျခဲ့ပြီး ၁၄လက်မ တီဗီ(၁)လုံး၊ ရေခဲသေတ္တာ(လတ်)(၁)လုံးပျက်စီးခဲ့ပြီး ၄င်းဂိုဒေါင်မှာ အလျား၁၂၀ပေ အနံ၈၀ပေရှိကြောင်းနှင့် မြသလွန်စေတီတော် ရင်ပြင်ရှိ ထီးတော်ကိန်းဝပ်စံပယ်ရာ ဓမ္မာရုံ ဗဟိုအာရုံခံတန်ဆောင်းအတွင်းရှိ ပလ္လင်နှင့် ကြမ်းပြင်တွင် အက်ကြောင်းများဖြစ်ပေါ်ခြင်း၊ ဗဟိုအာရုံခံတန်ဆောင်းနှင့် မဟာအတုလရံသီတန်ဆောင်းအားဆက် သွယ် ဆောက်လုပ်ထားသော နေရာတွင် အက်ကြောင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


ဂိုဒေါင်ဟောင်းပြို့ကျသည့်နေရာသို့ မကွေးမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အင်အား(၂၀)ဦးခန့် သွားရောက်ပြီး ရှင်းလင်းခြင်းများဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ညီညီမောင်(မကွေး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မကွေးမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဂိုဒေါင်ဟောင်းတစ်လုံးပြိုကျမှုဖြစ်ပွား  မကွေးမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဂိုဒေါင်ဟောင်းတစ်လုံးပြိုကျမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.