တူရကီ သမ္မတကိုထိန်းသိမ်းဖို့ ကြိုးစားတဲ့ စစ်သားတွေကို ဖမ်းဆီး

သမ္မတ ကို ဖမ်းဆီး ဖို့ ကြိုးစားတဲ့ တူရကီ စစ်တပ်က အထူး တပ်ဖွဲ့ဝင်တွေကို မားမာရစ် မြို့ အနီး က တောတွင်း တစ်နေရာမှာ ဖမ်းဆီး ရမိ
ပြီးခဲ့တဲ့ ၂ပတ် က တူရကီ နိုင်ငံမှာ မအောင်မမြင် ဖြစ်ခဲ့ရတဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှု အတွင်းမှာ သမ္မတ အာဒိုဝန် ကို ဖမ်းဆီး ဖို့ ကြိုးစားခဲ့သူတွေလို့ သံသယ ရှိသူ စစ်သား တချို့ ဖမ်းဆီး ရမိခဲ့ပါတယ်။

အာဏာသိမ်းမှု ဖြစ်ပွား စဉ် အတွင်း သမ္မတ အာဒိုဝန် ဟာ နိုင်ငံ အနောက်တောင်ပိုင်း က ဟိုတယ် တစ်ခုမှု ရောက်ရှိနေခဲ့ပြီး အဆိုပါ ဟိုတယ် ကို အငိုက်ဖမ်း ဝင်ရောက် စီးနင်းစဉ် လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ကို ဖမ်းဆီး ဖို့ ကြိုးစားတဲ့ တူရကီ စစ်တပ်က အထူး တပ်ဖွဲ့ဝင်တွေကို မားမာရစ် မြို့ အနီး က တောတွင်း တစ်နေရာမှာ ဖမ်းဆီး ရမိခဲ့တာပါ။

စစ်တပ် အင်အားသုံးပြီး အစိုးရကို ရုတ်တရက် ဖြတ်ချဖို့ ကြိုးစားခဲ့ကြသူတွေကို သမ္မတာ အာဒိုဝန်က ဖြိုခွင်းမှုတွေ ပြုလုပ်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
တူရကီ သမ္မတကိုထိန်းသိမ်းဖို့ ကြိုးစားတဲ့ စစ်သားတွေကို ဖမ်းဆီး  တူရကီ သမ္မတကိုထိန်းသိမ်းဖို့ ကြိုးစားတဲ့ စစ်သားတွေကို ဖမ်းဆီး Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.