![]() |
( ကြက်ဖကြီး အကောင့်ပိုင်ရှင်ဆိုပြီး စွပ်စွဲဖမ်းဆီးထားသူ ကိုလှဖုန်း ကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်လာစဉ် ) Photo: Aung Thain Kha/ RFA |
တရားရှင်လွှတ်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် အမှုကို မရုတ်သိမ်းပေးခဲ့ဘူးလို့ ဦးလှဖုန်းရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။
"ကြက်ဖကြီးရဲ့ အမှုနဲ့ပတ်သက်လို့ အမှုလေးမှုလုံးကိုစွဲချက်တင်လိုက်ပါတယ်။ တရားရှင်လွှတ်မယ်လို့ မျှော်လင့်ခဲ့တယ် ဘာလို့လဲဆိုတော့ အစိုးရသစ်လက်ထက်မှာ နိုင်ငံနဲ့ အ၀ှမ်းရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့အမှုတွေကို ရုတ်သိမ်းတာတွေရှိခဲ့ပါတယ်။ဒါပေမယ့် ဒီမှာကတော့ ရုတ်သိမ်း တာတွေမရှိပါဘူး"
အမှုကို လာမယ့် သြဂုတ်လ ၂၄ ရက်နေ့မှာ ပြန်လည်စစ်ဆေးမှာဖြစ်ပါတယ်။
ဦးလှဖုန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ဖမ်းဆီးပြီး တရားရင်ဆိုင်နေရတာ အခုဆိုရင် ၆ လ ကျော်ကြာပြီဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ကြက်ဖကြီးအကောင့်ပိုင်ရှင်လို့ စွပ်စွဲခံရသူကို စွဲချက်တင်
Reviewed by THITHTOOLWIN
on
17:30
Rating:
