မလွှကုန်းဘူတာတွင် ရထားတိုက်ခံရမူကြောင့် လူ(၃)ဦးသေဆုံး

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မလွှကုန်းရပ်ကွက်၊ မလွှကုန်းဘူတာအနီးမှာ သြဂုတ် (၂၅)ရက်၊ မနက်(၅)နာရီခွဲခန့်က ရထားတိုက်မှုကြောင့် လူ(၃)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီရထားတိုက်မှုဟာ မလွှကုန်းဘူတာအနီးမှာ ရန်ကုန်-မန္တလေး အမှတ်(၂)အဆန်လမ်းမိုင်တိုင် အမှတ်(၁/၂၂-၂၃)ကြားမှာဖြစ်ပွားခဲ့တယ်လို့ မလွှကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်စိုးက ပြောပါတယ်။


 သေဆုံးသူ(၃)ဦးဟာ အမျိုးသား(၂)ဦးနဲ့ အမျိုးသမီး(၁)ဦးဖြစ်ပြီး အသက်(၂၀)ကျော်ဝန်းကျင်တွေဖြစ်တယ်လို့ မျက်မြင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ သေဆုံးသူအမျိုးသမီးရဲ့ဘေးနားမှာ ပိုက်ဆံအိတ်တစ်လုံးတွေ့ရကာ အဲဒီပိုက်ဆံအိတ်ထဲကနေ မှတ်ပုံတင်တစ်ခုတွေ့ရပြီး အဲဒီမှတ်ပုံတင်အရလှည်းကူးမှာ နေထိုင်သူလို့သိရပေမယ့်လည်း သေဆုံးသူရဲ့မှတ်ပုံတင်ဟုတ်မဟုတ်ကို စုံစမ်းမှုတွေပြုလုပ်နေတယ်လို့ မလွှကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးကပြောပါတယ်။ သေဆုံးသူတွေဟာ ဒေသခံတွေမဟုတ်ဘဲ တစ်ခါတစ်ရံမလွှကုန်းဘူတာမှာ သူတို့ကိုဈေးသည်တွေကတွေ့ရတတ်တယ်လို့ ဦးအောင်ကျော်စိုးက ပြောပါတယ်။

အဲဒီဖြစ်စဉ်ဟာ ရန်ကုန်ဘူတာကြီးကနေ နံနက်(၄)နာရီထွက်တဲ့ စက်ခေါင်းအမှတ်(DF1359) အမှတ်(၁)အဆန်၊ မန္တလေးစာပို့ရထားဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးဦးအောင်ကျော်စိုးရဲ့ ပြောကြားချက်အရသိရပါတယ်။ မလွှကုန်းဘူတာမှာ တစ်ခါတစ်ရံရထားတိုက်မှုတွေဖြစ်ပွားလေ့ရှိပြီး စည်းကမ်းမဲ့အရက်လာသောက်သူတွေ၊ ဖုန်းပြောရင်းရထားလမ်းဖြတ်ကူးသူတွေကို တိုက်မိလေ့ ရှိတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

မလွှကုန်းဘူတာမှာ ရထားလမ်း(၄)လမ်းရှိပြီး အခုရထားတိုက်မှုဟာ ရန်ကုန်-မန္တလေး အမှတ် (၂) အမြန်လမ်းဘက်မှာဖြစ်ပွားကာ သေဆုံးသူတွေကိုတော့ နံနက်(၈)နာရီမှာရှင်းလင်းပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau က နှင်းယုခိုင် ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ