နိုင်ငံခြားငွေများအား တရားမဝင် သယ်ဆောင်သူများ ဖမ်းဆီးရမိ

ဓါတ်ပုံ - ရဲဇာနည် (fb)
နေပြည်တော်၊ ဩဂုတ် ၂

ကရင်ပြည်နယ် မြဝတီမြို့မှ မြန်မာပြည်အတွင်းသို့ ထိုင်းနိုင်ငံသုံး ထိုင်းဘတ်ငွေ(၁၀၀၀/-)တန် (၇၀၀၀)ရွက်၊ မြန်မာငွေကာလတန်ဘိုး(၂၃၈၀)သိန်းအား တရားမဝင် သယ်ဆောင်လာသူများအား ဖမ်းဆီးရမိကြောင်း သိရပါသည်။

သတင်းအရ သင်္ကန်းညီနောင်မြို့ မြဝတီ-ဘားအံကားလမ်းရှိ AK စစ်ဆေးရေးဂိတ်တွင် ဂိတ်တာဝန်ကျ ဒုတိယရဲမှူး ကြည်ခိုင်ကျော်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် သြဂုတ်လ (၁)ရက်နေ့ က ဖမ်းဆီးမိခြင်း ဖြစ်သည်။

ယမန်နေ့ ည(၀၀၁၅) အချိန်ခန့်တွင် AK ဂိတ်သို့ရောက်ရှိလာသည့် ထက်မြက်အောင်(ခ)ဘီလား မောင်းနှင်လာသော ယာဉ်အမှတ် 4D/×××× Mark X ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်ပါလာသူများဖြစ်သည့် သော်တာငြိမ်း(ခ)အရွတ်၊ ရန်နိုင်ဦး(ခ)လွတ်ကမန်းနှင့် မျိုးဇင်နိုင် တို့နှင့်အတူ ယာဉ်နောက်ဖုံးအတွင်း M-150 တံဆိပ်ပါ အချိုရည်ကဒ်ထူဘူးအတွင်း ဝှက်ပြီးသယ်ဆောင်လာသော ထိုင်းဘတ်ငွေ(၁၀၀၀/-)တန် (၇၀၀၀)ရွက်၊ မြန်မာငွေကာလတန်ဘိုး(၂၃၈၀)သိန်းအား ရှာဖွေတွေ့ရှိရသဖြင့် တရားမဝင် နိုင်ငံခြားငွေသယ်ဆောင် မှုဖြင့် သင်္ကန်းညီနောင်နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

by သစ်ထူးလွင်

နိုင်ငံခြားငွေများအား တရားမဝင် သယ်ဆောင်သူများ ဖမ်းဆီးရမိ  နိုင်ငံခြားငွေများအား တရားမဝင် သယ်ဆောင်သူများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 23:05 Rating: 5
Powered by Blogger.