ကျောက်မဲမြို့နယ်တွင်ယာဉ်တိမ်းမှောက်၊ အမျိုးသမီးတစ်ဦးကွယ်လွန်၊ ၁၁ ဦးဒဏ်ရာရ


ကျောက်မဲ၊ သြဂုတ် ၁၄ ။

ယနေ့ ( သြဂုတ်လ ၁၄ ရက်) မနက် ၉း ၄၅ အချိန်ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကျောက်မဲ -မိုးကုတ်သွားကားလမ်း၊ မိုင်တိုင်အမှတ် ( ၁၁/၁၀) အနီး၊ မိုင်းတင်းကျေးရွာအလွန်တွင်၊ ပန်ဖြတ်ရွာဘက်မှ ကျောက်မဲမြို့ဖက်သို့ မောင်းနှင်လာသည့် လက်ဖက်အိတ်များတင်ဆောင်လာသော၊ လေးလုံးထိုး ထော်လာဂျီယာဉ်တစ်စင်း၊ လီဘာကြိုးပြတ်ကာ လမ်းဘေးသို့ ထိုးကျသိမ်းမှောက်ခဲ့ကြောင်း သိရသည်။


ယင်းသို့တိမ်းမှောက်ခဲ့ခြင်းကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးသေဆုံးပြီး၊ ယာဉ်ပေါ်တွင်လိုက်ပါလာသော အသက် ၃၀ နှစ် မှ ၅၆ နှစ် အတွင်း ရှိ အမျိုးသမီး ၅ ဦး ၊ ယာဉ်မောင်းအပါအ၀င် အသက် ၂၄ နှစ် မှ ၆၇ နှစ် အတွင်းရှိ ၊ အမျိုးသား ၆ ဦး ၊ စုစုပေါင်း ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။


ဒဏ်ရာအခြေအနေများမှာ စိုးရိမ်ရမှုမရှိကြောင်း၊ယာဉ်မဆင်မခြင်မောင်းနှင်သူကိုကျောက်မဲမြို့မရဲစခန်းက ဖမ်းဆီးအမှုဖွင့်ထားကြောင်း၊ ကျောက်မဲမြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက သြဂုတ်လ ၁၄ ရက်နေ့နေ့လယ်ပိုင်းတွင် AHN သို့ပြောသည်။

မောင်ဒုံ ( AHN - KME )
PHOTO - MD ( AHN)
The Asia Heart News
ကျောက်မဲမြို့နယ်တွင်ယာဉ်တိမ်းမှောက်၊ အမျိုးသမီးတစ်ဦးကွယ်လွန်၊ ၁၁ ဦးဒဏ်ရာရ  ကျောက်မဲမြို့နယ်တွင်ယာဉ်တိမ်းမှောက်၊ အမျိုးသမီးတစ်ဦးကွယ်လွန်၊ ၁၁ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 23:20 Rating: 5
Powered by Blogger.