ရန်ကုန် -- မော်လမြိုင် ရထားပေါ်၌ ပစ္စည်းခိုးယူသူအား ၂၄ နာရီအတွင် ဖော်ထုတ်


နေပြည်တော် ဩဂုတ် ၁၀

ရန်ကုန်ဘူတာမှ ဩဂုတ် ၆ ရက် ညနေ ၆ နာရီ ၂၅ မိနစ်က ထွက်ခွာသည့် အမှတ် (၁၇၅) အဆန် ရန်ကုန်-မော်လမြိုင်ရထား အထက်တန်းတွဲ(၁) A1, A2 ၌ စီးနင်းလိုက်ပါလာသည့် ခရီးသည် ဒေါ် မြင့်သန်း မော်လမြိုင်မြို့နေသူ၏ ငွေကျပ်သုံးသိန်း၊ နိုင်ငံသားစိစစ်ရေးကတ်၊ ဆေးကုသမှုစာရွက်စာတမ်းများ ထည့်ထား သော လက်ကိုင်အိတ်ကို ပဲခူးဘူတာအထွက်တွင် အမျိုးသား တစ်ဦးက ခိုးယူဆင်းပြေးခဲ့သဖြင့် ပဲခူး ရထား ရဲစခန်းသို့ အမှုဖွင့်တိုင်ကြား ခဲ့ရာ အမှုစစ်စခန်းမှူး ရဲအုပ်စိုးနိုင်ဝင်းက စစ်ဆေးလျက်ရှိသည်။

ပြစ်မှုကျူးလွန်သူ ဖမ်းဆီးရမိရေး အတွက် အမှတ်(၁၁) တပ်ခွဲမှူး ဒုရဲမှူး သက်ထွန်း၏ ကြီးကြပ်မှုဖြင့် အောင်မျိုး (ခ)ချစ်တီး (၂၃ နှစ်) အောင်သုခလမ်း နယ်မြေ(၆) ကျွန်းသာ ယာရပ်ကွက် ပဲခူးမြို့နေသူအား သက်သေခံ ပစ္စည်းများနှင့်အတူ ၂၄ နာရီ အတွင်း ဖမ်းဆီးဖော်ထုတ်ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

ကိုမျိုး(ရွှေပေါက္ကံ)
ဓာတ်ပုံ - ရထားရဲတပ်ဖွဲ့
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရန်ကုန် -- မော်လမြိုင် ရထားပေါ်၌ ပစ္စည်းခိုးယူသူအား ၂၄ နာရီအတွင် ဖော်ထုတ်  ရန်ကုန် -- မော်လမြိုင် ရထားပေါ်၌ ပစ္စည်းခိုးယူသူအား ၂၄ နာရီအတွင် ဖော်ထုတ် Reviewed by THITHTOOLWIN on 08:21 Rating: 5
Powered by Blogger.