ငလျင်လှုပ်ခတ်မှုကြောင့် မင်းဘူး နဂါးပွက်တောင် ရွံ့ချော်ရည် လျှံကျ


 မင်းဘူးမြို့ ငလျင်လှုပ်ခတ်မှုကြောင့် နဂါးပွက်တောင် ရွံ့ချော်ရည်များ လျှံကျမှုဖြစ်ပေါ်

မင်းဘူး သြဂုတ် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့တွင် သြဂုတ်လ(၂၄)ရက်နေ့ ညနေ(၅း၀၅)မိနစ်ခန့်က ငလျင်လှုပ်ခတ်မှုကြောင့် မင်းဘူးမြို့ နဂါးပွက်တောင် ရွံ့ချော်ရည်များ လျှံကျပြီး နံရံများအက်ကွဲမှု ဖြစ်ပေါ်ကာ အမတော်၊မောင်တော်နတ်နန်းဆောင်အတွင်းရှိ မျက်နှက်ကျက်များ ပျက်စီးခြင်း၊ မြေသားများ မောက်ထွက်ခြင်း၊ နဂါးပွက်တောင်တော်ရှေ့ ရှိ ပေတရာလမ်းမမှာ အက်ကွဲခြင်းများ ဖြစ်ပေါ်ပြီ ကယ်ဆယ်ရေးအဖွဲ့မှ ပျက်စီးမှုများအား ကူညီရှင်းလင်းပေးခဲ့သည်။


 မင်းဘူးမြို့အတွင်းရှိ ရှေးဟောင်း အဆောက်အဦးအချို့မှ အုတ်နံရံများ အနည်းငယ်ပြိုကြပျက်စီးမှုမှလွဲ၍ ကြီးကြီးမားမားပျက်စီးထိခိုက်မှု မရှိကြောင်း သိရှိရသည်။

ဖိုးပြည့်(မင်းဘူး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ