အသက် ၈ နှစ် အရွှယ်ကလေးမှ ဆိုင်ဖောက်ပြီး ဖုန်း ဟန်းဆက် ၁၀လုံး ခိုးယူ


၂၉..၈..၁၆

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု ရာပြည့် ၄ လမ်းထိပ် အမေ့ရိပ် ( ၂ )ဖုန်းဆိုင်အား သြဂုတ်လ ၂၈ ရက်နေ့ညက ဖောက်ထွင်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။


ဖောက်ထွင်းခံရပြီး နောက် ယနေ့ သြဂုတ်လ ၂၉ ရက်နေ့မှာ စုံစမ်းရှာဖွေရာ မြိတ်တောင်ကျေးရွှာ အုပ်စု ရာပြည့်( ၈ လမ်း )မှ အသက် ၈ နှစ် အရွယ် ကလေးငယ် တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။


ဖုန်းဆိုင် ဖောက်ထွင်းခံရမှုကြောင့် တစ်သိန်းကျော် အထက် ဖုန်း ဟမ်းဆက် ၁၀ လုံးခန့်ပါသွားတယ်လို့ သိရပြီး - သက်ဆိုင်ရာ ရပ်ကွက်ရုံးတွင် မိဘများနှင့်အတူ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါတယ်။

zaw zaw myeik
တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
အသက် ၈ နှစ် အရွှယ်ကလေးမှ ဆိုင်ဖောက်ပြီး ဖုန်း ဟန်းဆက် ၁၀လုံး ခိုးယူ  အသက် ၈ နှစ် အရွှယ်ကလေးမှ ဆိုင်ဖောက်ပြီး ဖုန်း ဟန်းဆက် ၁၀လုံး ခိုးယူ Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.