အီသီယိုးပီးယား ပဋိပက္ခအတွင်း လူ ၉ဝ ကျော် သေဆုံး


အော်ရိုမိုင်ရာ သြဂုတ် ၉

အီသီယိုးပီးယားနိုင်ငံ အော်ရိုမိုင်ရာနှင့် အမ်ဟာရာဒေသများတွင် ဆန္ဒပြ ဆန့်ကျင်သူများကို လုံခြုံရေး အင်အားစုများက သေနတ်ဖြင့် ပစ်ခတ်ထိန်းသိမ်း ခဲ့ရာ လူ၉ဝ ကျော် သေဆုံးခဲ့ရကြောင်း မြို့နေပြည်သူများနှင့် အတိုက် အခံ ခေါင်းဆောင်များက ပြောကြားခဲ့သည်။

အော်ရိုမိုင်ရာတွင် လယ်ယာမြေခွဲဝေချထားမှု ကိစ္စရပ်အပေါ် မကျေနပ်မှု များဖြစ်ပွားခဲ့သည်မှာ လအနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ တနင်္ဂနွေနေ့က စတင်၍ ဆန္ဒပြဆန့်ကျင်သူများသည် အစိုးရ ဆန့်ကျင်သည့် ကြွေးကြော်သံ များ ပြုလုပ်ကာ အလံများကို ဝှေ့ယမ်းခဲ့ကြသည်။ အချို့မှာ အကျဉ်းချ ခံထားရသည့်နိုင်ငံရေး သမားများ လွှတ်ပေးရေး တောင်းဆိုခဲ့ကြသည်။

အမ်ဘို၊ ဒမ်ဘီဒိုလိုနီကမ့်တ် အပါအဝင် အော်ရိုမိုင်ရာရှိမြို့နယ် ၁ဝခုထက် မနည်းတို့တွင် ပဋိပက္ခကြောင့် သေဆုံးရမှုများ ရှိခဲ့ပြီဖြစ်သည်။ လူ၂၆ဦး ဒဏ်ရာရရှိပြီး အချို့ကို ဖမ်းဆီး ထိန်းသိမ်းထား ကြောင်း သိရသည်။ ငြိမ်ဝပ်ပိပြားမှုကို ပျက်ယွင်းစေသည့် ဥပဒေနှင့်မညီ သော ဆန္ဒပြဆန့်ကျင်မှုကို ထိန်းချုပ်နိုင် ရေးကြိုး ပမ်းနေကြောင်းနိုင်ငံပိုင် အီသီယိုပီယန် သတင်းအေဂျင်စီ က ဖော်ပြသည်။

(ရိုက်တာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အီသီယိုးပီးယား ပဋိပက္ခအတွင်း လူ ၉ဝ ကျော် သေဆုံး  အီသီယိုးပီးယား ပဋိပက္ခအတွင်း လူ ၉ဝ ကျော် သေဆုံး Reviewed by THITHTOOLWIN on 10:35 Rating: 5
Powered by Blogger.