သြဂတ်စ်လ ၃ ရက် ၂၀၁၆
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့အတွက် စည်ပင်လုပ်ငန်း ကန်ထရိုက်ယူ ထားသည့် အောင်ဂရုဏာ ကုမ္ပဏီပိုင်ကားမှ ၀င်တိုက်မိ၍ ပျက်စီးသွားသည့် ကားသုံးစီးနှင့်ဆိုင်ကယ်အား ပြန်လျော်ပေးမည်ဟု ကုမ္ပဏီမှ ပြောဆိုကြောင်း သိရှိရသည်။
“ကုမ္ပဏီဘက်က ပြန်ဆပ်ပေးမယ်။ ဂျာမဏီကားအတွက်တော့ သူတို့ဘာမှမပြောဘူး။ without ဖြစ်လို့ ထင်တယ်။ Super Custom ရယ်၊ မူစယ်-ပန်ဆိုင်းကြား ပြေးနေတဲ့ကားပေါ့။ တလလောက်တော့ စောင့်လို့ ပြော တယ်။ ဆိုင်ကယ်လည်း ပြန်ဆပ်ပေးမယ်။ ဆိုင်ကယ်သမား ဆေးကုခကို လည်း အားလုံး တာဝန်ယူပေးမယ်။ ဒါပေမဲ့ တရားစွဲတာတွေတော့ မလုပ်ဖို့ ပြောလာတယ်” - ဟု လူမှုရေးလုပ်ငန်း လှုပ်ရှားနေသူ မူစယ်လူငယ် စိုင်းမြတ် က ပြောပါသည်။
သြဂတ်စ်လ ၁ ရက်နေ့ အောင်ဂရုဏာကုမ္ပဏီမှ အမှိုက်သိမ်းယာဉ်သည် လွယ်ကောင်းမူးတောင် အဆင်း စီတန်းမောင်းနင်လာသည့် သိန်း ၂၀၀ ကျော် တန် Super Custom တစီး၊ သိန်း ၁၀၀ တန် မူစယ်နှင့်ပန်ဆိုင်း ပြေးဆွဲနေ သည့်ယာဉ် ၁ စီး၊ ဂျာမဏီထုတ် Audi အမျိုးအစား ကားတစီး၊ စုစုပေါင်း ကား ၃ စီးကို ၀င်တိုက်မိ သည့်အပြင် မော်တော်ဆိုင်ကယ်တစီးကိုပါ ၀င်တိုက်မိကြောင်း ဒေသခံများက ဆိုပါ သည်။
“အောင်ဂရုဏာကုမ္ပဏီကားက တောင်အဆင်းမှာ ဂီယာသေးနဲ့ ဆင်းတဲ့ပုံ ဘဲ။ တောင် လယ်ရောက် တော့မှ ဂီယာကို ရုတ်တရက် ချိန်းလိုက် တယ်ထင်တယ်။ ဘရိတ်လည်း မရတော့ ရှေ့ကားတွေကို ၀င်တိုက်မိတာ။ ဆိုင်ကယ်တစီးကိုလည်း ၀င်တိုက်တယ်လေ။ ဆိုင်ကယ်သမားတော့ ညာဘက် ခြေထောက် အရိုးအက်သွားတယ်။ စိုင်းအိုက်လူ။ ပန်ဆိုင်းမြို့နယ် မန့်လောင်အင်ရွာက။ ကားပေါ်က လူတွေတော့ ဘာမှမဖြစ်ဘူး။”
မူစယ်မြို့သည် မြန်မာနှင့်တရုတ် နှစ်နိုင်ငံကြား စီးပွားရေးကူးသန်းသည့် နယ်စပ်မြို့ဖြစ်သည့် အလျောက် ကားလမ်းပေါ်တွင် တနေ့ကားအစီးရေ ရာဂဏန်း သွားလာနေသည်ဟု သိရှိရသည်။
သျှမ်းသံတော်ဆင့်/မွေခေါဝ်
Photo : Tong Hwe Li Group
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
မူစယ်လမ်းမပေါ် ကားတန်းယာဉ်တိုက်မှု ၀င်တိုက်သည့်ကားပိုင်ရှင်ကုမ္ပဏီမှ အားလုံးအလျော်ပေးမည်
Reviewed by THITHTOOLWIN
on
16:33
Rating: