မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇင်းကျိုက်မြို့ပေါ် အဝေးပြေးကားလမ်းရေ လွမ်းမိုးမှုဖြစ်ပွား


ပေါင် သြဂုတ် ၁၂

ပေါင်မြို့နယ် ဇင်းကျိုက်မြို့ မြို့ပေါ်ရပ်ကွက်တွင် ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ နံနက်ချိန်မှစ၍ မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း ဇင်းကျိုက်မြို့မရဲစခန်းရှေ့ နေရာတော်တော်များများ၌ ကားလမ်း ရေကျော် မှုဖြစ်ပေါ်ခဲ့သည်။


ကားလမ်းမတွင် ရေကျော်နေမှုကြောင့် မော်တော်ယာဉ်များ ဆိုင်ကယ်များ သွားလာရေးခက်ခဲကြုံတွေ့ နေရသည်။ ကျောင်းဖွင့်ရက် ဖြစ်သောကြောင့် ကျောင်းသွားကျောင်းပြန် ကလေးငယ်များ၊ ရုံးသွားရုံးပြန် ဝန်ထမ်းများနှင့် ပြည်သူအများ အန္တရာယ်မဖြစ်စေရေးအတွက် ဇင်းကျိုက်ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက လိုက်လံကြည့်ရှု စစ်ဆေးဆောင်ရွက် နေကြောင်း သိရသည်။

ဇင်းကျိုက်မြို့သည် ရန်ကုန်-မော်လမြိုင်ကား လမ်းပိုင်းတွင်တည်ရှိပြီး လယ်မြေ (၂၉၂၈) ဧက၊ အိမ်ခြေပေါင်း (၁၂၉၂) လုံး၊ လူဦးရေ (၉၁၃၁)ဦး ရှိပြီး ပင်လယ်ရေမျက်နှာပြင် အမြင့်(၃၁.၈၄)ပေ တွင်တည်ရှိသည်။

ကိုဟိန်း(ပေါင်)၊ ဓာတ်ပုံ -ဇော်မင်း
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇင်းကျိုက်မြို့ပေါ် အဝေးပြေးကားလမ်းရေ လွမ်းမိုးမှုဖြစ်ပွား မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇင်းကျိုက်မြို့ပေါ် အဝေးပြေးကားလမ်းရေ လွမ်းမိုးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:43 Rating: 5
Powered by Blogger.