ကျောက်ဖြူ သြဂုတ် ၂၄
ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာအုပ်စု စည်မော်ကျေးရွာ၏ အနောက်တောင်ဘက် ခုနစ်ဖာလုံခန့်အကွာတွင် ယနေ့ ညနေ ၅ နာရီ မိနစ် ၂ဝ မှ ညနေ ၆ နာရီထိ ဒေသအခေါ် ကြက်သေနဂါးရွှံ့မီးတောင်ပေါက်ကွဲ မှုတစ်ခု ပေါ်ပေါက်ခဲ့သည်။
အဆိုပါရွှံ့မီးတောင်ပေါက်ကွဲချိန်တွင် တစ်နိုင်ငံလုံးအနှံ့ ငလျင်လှုပ်ခတ်ချိန်နှင့် တစ်ချိန်တည်းတွင် ပေါက်ကွဲခဲ့ရာ ရွှံ့မီးတောင်၏ ချော်ရည်မှာ အမြင့်ပေ ၂ဝ ကျော်ခန့် တက်ရောက်ပြီး အဆိုပါရွှံ့မီးတောင်၏ ပတ်ဝန်းကျင်ပေ ၄ဝ ကျော်ခန့်သို့ ချော်ရည်များ စီးဆင်းခဲ့သော်လည်း လူ၊ တိရစ္ဆာန်၊ လယ်ယာမြေစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျောက်ဖြူမြို့နယ်၌ ရွှံ့မီးတောင်ပေါက်ကွဲ
Reviewed by THITHTOOLWIN
on
09:45
Rating:
