ဓါးဖြင့်ခုတ်၍ ထွက်ပြေးနေသည့် လူသတ်တရားခံကို မိပါပြီ

လူသတ်တရားခံကို မိပါပြီ။
သြဂုတ် (၁၄) လားရှိုး၊ သမန်းကျား

သြဂုတ်လ (၁၃) ရက်နေ့ ၊ မနက် (၁၀) နာရီလောက်က လားရှိုးမြို့ ၊ ရပ်ကွက် (၁) မြ၀တီလမ်း၊ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးက လက်ဖက်ရည်ဆိုင်မှာ အသက် (၆၅) နှစ်အရွယ် ဦးxxx ကို နောက်ကနေ လည်ပင်းကိုဓါးနဲ့ ခုတ်၊ မွန်းလွဲ ၁၂း၁၀ လောက်မှာ အထက(၁)လားရှိုးအနီးမှာလည်း လမ်းသွား လမ်းလာတွေကို ဓါးနဲ့ အန္တရာယ်ပြုဖို့  ကြိုးစားခဲ့သူကို ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့ မှူး ကိုယ်တိုင်ကြီးကြပ်ပြီး အပူတပြင်းရှာဖွေဖမ်းဆီးခဲ့ရာမှာ ဒီနေ့ သြဂုတ်လ (၁၄) ရက်၊ မနက် (၁၀း၃၀) အချိန်မှာ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့ ၊ အမှတ် (၆) ရပ်ကွက် က သူ့ ညီမအိမ်မှာ ထမင်းစားနေတုန်း ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ မှူးရုံးက အတည်ပြုပြောပြပါတယ်။

ဓါးခုတ်မှုဖြစ်ပွားပြီး တရားခံကိုလက်ရဖမ်းဆီးမိတာ ၂၅ နာရီနဲ့  ၃၀ မိနစ်ဖြစ်ပါတယ်။ ၂၄ နာရီ နည်းနည်းကျော်သွားတဲ့အတွက် လားရှိုးမြို့ နေလူထုကို အားနာစွာနဲ့ တောင်းပန်ပါတယ်ဟု ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ မှူး ကပြောပါတယ်။

သြဂုတ်လ (၁၃) ရက် မနက် (၁၀) နာရီခန့် က လားရှိုးမြို့ ၊ အမှတ် (၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးက လက်ဖက်ရည်ဆိုင်မှာ ဦးxxx အသက် (၆၅) နှစ်၊ မြ၀တီလမ်းနေသူ ကို ဦးတင်အောင်၊ အသက် (၆၅) နှစ်
ရပ်ကွက်(၁) ရန်အောင်မြင်ဘုရားအနီးနေသူ က အရိုးအသွားအရှည် (၂) ပေခန့် ရှိတဲ့ဓါးနဲ့ လည်ပင်းကိုခုတ်လိုက်တာ ဦးxxx သေဆုံးသွားခဲ့ခြင်း ဖြစ်ပါတယ်။

ဓါးနဲ့ ခုတ်သူ ဦးတင်အောင် ကို ပြစ်မှုကျူးလွန်ပြီး တိမ်းရှောင်သွားရာကနေ မွန်းလွဲ ၁၂း၁၀ လောက်မှာ အထက(၁)လားရှိုးအနီး ဓါးကိုလျက် ပြန်လည် ထွက်ပေါ်လာခဲ့တဲ့အတွက် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ မှူး ဦးဆောင်တဲ့ လှည့်ကင်းအဖွဲ့ က လက်ရဖမ်းစီးမိဖို့  ကြိုးစားခဲ့ပေမယ့် လွှတ်မြောက်သွားခြင်းဖြစ်ပါတယ်။

Lashio News Diary
https://www.facebook.com/LNDLashio
ဓါးဖြင့်ခုတ်၍ ထွက်ပြေးနေသည့် လူသတ်တရားခံကို မိပါပြီ  ဓါးဖြင့်ခုတ်၍ ထွက်ပြေးနေသည့် လူသတ်တရားခံကို မိပါပြီ Reviewed by THITHTOOLWIN on 16:27 Rating: 5
Powered by Blogger.