ရတနာ့ဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲ စတင်


မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် နှစ်စဉ်ကျင်းပသော ရတနာ့ ဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲကို သြဂုတ်လ ၂၅ နေ့ကစတင်၍ စည်းကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိသည်ကို တွေ့ရသည်။


"တောင်ပြုံးပွဲတော်ကြီးပြီးတာနဲ့ ၇ ရက်အကွာ နှစ်စဉ် ဝါခေါင်လဆန်း ၇ ရက်နေ့ဆို ရတနာ့ဂူဘုရားပွဲတော်နှင့်အတူ ပုပ္ပားမယ်တော်ကြီး နတ်ပွဲကျင်းပါတယ်။ဒီနတ်တွေက သာသနပြုနတ်တွေဖြစ်တာကြောင့် ဘုရား ပွဲတော်တွေနဲ့အတူ ရှေးယခင် ဘုရင်မင်းမြတ်တွေက ပွဲတော်အတွင်း နယ်နယ်အရပ်ရပ်ကလူတွေနဲ့ နတ်ကိုးကွယ်သူများအတွက် ကျင်းပလာခဲ့တာပါ။ နှစ်ပေါင်းကတော့မနည်းဘူး အကြိမ်အရေအတွက်ဆိုတာ မသိရဘူး။

အနော်ရထာမင်းလက်ထက်ကနေယနေ့ထိကျင်းပတာဆိုတာလောက်ပဲ သိရတာ။ဒီပွဲတော်က နေရာကျယ်တယ်။ အခုနေရာက အထက်မယ်တော်ကြီး နတ်နန်း ယနေ့ နတ်ကြီးချော့တယ်။ မနက်ဖြန် နတ်ရေချိုးမယ်။ နတ်တွေက အပြင် ၃၇ မင်း အတွင်း ၃၇ မင်းရှိပါတယ်”ဟု နတ်ဆရာတဦးက ပြောသည်။

စိုင်းထူးခန့် 
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ