သိန်းသန်းကျော် ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက် ခရီးသည်များ ဆေးရုံတင်ထားရ


မော်လမြိုင်၊ သြဂုတ် ၃။ ။ ကျိုက်မရောမြို့မှ ရန်ကုန်သို့ ထွက်ခွာလာသော သိန်းသန်းကျော် ခရီးသည်တင် မှန်လုံယာဉ်သည် သြဂုတ်လ ၃ ရက်နေ့ ည ၇ နာရီခွဲက မုရောင်းကျေးရွာ ကျိုက်မရော-မော်လမြိုင်လမ်းတွင် ယာဉ်တိမ်းမှောက်ခဲ့သဖြင့် ခရီးသည်များကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားရကြောင်း ဟင်္သာသတင်းထောက်က သတင်းပေးပို့ထားသည်။

ခရီးသည်များ အသေအပျောက်မရှိခဲ့ဘဲ ထိခိုက်ဒဏ်ရာများသာ ရရှိခဲ့ပြီး ဆေးရုံတင်ထားသည့် ခရီးသည်များထဲတွင် ကလေးသုံးဦး ပါဝင်ကြောင်း သိရသည်။

ထိုမှန်လုံယာဉ်သည် လမ်း၏ညာဘက်ချမ်းသို့ အရှိန်မထိန်းနိုင်ဘဲ ထိုးကျသွားခြင်းဖြစ်ကာ ယင်းမှန်လုံယာဉ်မှာ နှစ်ပေနီးပါ ရေနစ်မြုပ်နေသဖြင့် ခရီးသည်များကို မှန်လုံယာဉ်ထဲမှ ဝိုင်းဝန်းဆွဲထုတ်ပေးခဲ့ရကြောင်း မုရောင်းကျေးရွာ ဒေသခံများက ဆိုသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ယာဉ်မောင်းသည် ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

ခေတ်မင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
သိန်းသန်းကျော် ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက် ခရီးသည်များ ဆေးရုံတင်ထားရ သိန်းသန်းကျော် ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက် ခရီးသည်များ ဆေးရုံတင်ထားရ Reviewed by THITHTOOLWIN on 11:30 Rating: 5
Powered by Blogger.