တူရကီက ဆီးရီးယားကို လေကြောင်းကနေ တိုက်ခိုက်

 အရပ်သားတွေ ထိခိုက် ဒဏ်ရာရခဲ့
ဆီးရီးယား နိုင်ငံမြောက်ပိုင်းမှာ တူရကီက လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် အရပ်သား ၃၅ယောက် သေဆုံးသွားတယ်လို့ ဆီးရီးယား အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

Jeb el-Kussa ရွာမှာ လူနှစ်ဆယ် သေဆုံးပြီး အယောက် ငါးဆယ်ဒဏ်ရာရတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့ အဖွဲ့က ပြောပါတယ်။

al-Amarna အရပ်က စိုက်ပျိုးရေးခြံ တခုကိုလည်း လက်နက်ကြီး ထိမှန်ခဲ့လို့ နောက်ထပ် လူ ၁၅ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

တူရကီ စစ်တပ်ကလည်း ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ကြောင်းနဲ့ လူ၃၅ယောက် သေဆုံးခဲ့ကြောင်းကို အတည်ပြု ပြောကြားခဲ့ပြီး ဒီပစ်ခတ် တိုက်ခိုက်မှုဟာ ကာ့ဒစ်ရှ် စစ်သွေးကြွတွေကို နှိမ်နင်းဖို့ ရည်ရွယ် တိုက်ခိုက်တာလို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ